ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းတွင် သင်္ဘောတစ်စီးနစ်မြုပ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ဖြစ်ပွားခဲ့သည် ရေယာဉ်မတော်တဆမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)
မနီလာ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

    လူ ၁၆ ဦး တင်ဆောင်လာသည့် သင်္ဘောတစ်စီးသည် ဇူလိုင် ၃၀ရက်က ဖိလစ်ပိုင်နိုင်ငံ အနောက် တောင်ပိုင်း မလေးရှားနိုင်ငံအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကြောင်း ၊ လက်ရှိအချိန်အထိ လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့(PCG)က သြဂုတ် ၈ ရက် တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် ဇူလိုင် ၃၀ ရက်တွင် ဖိလစ်ပိုင် အနောက်တောင်ပိုင်း Tawi-Tawiပြည်နယ်မှ မလေးရှား Sabah အရှေ့ပိုင်းဒေသသို့ သွားရန် ထွက်ခွာလာခြင်းဖြစ်ပြီး လှေပေါ်တွင် Tawi-Tawi ဒေသခံများလိုက်ပါစီးနင်းလာခြင်းဖြစ်ကြောင်း ၊ သင်္ဘောသည် ဖိလစ်ပိုင်နှင့်မလေးရှား နယ်စပ် ပယ်လယ်ပြင်သို့ အရောက်တွင် နစ်မြုစ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ Armand Baliloက ပြောကြားခဲ့သည်။

Armand Baliloက လက်ရှိ Tawi-Tawiပြည်နယ်မှ တံငါးသည်များက လူ ၇ ဦး၏ ရုပ်လောင်းကို တွေ့ရှိခဲ့ကြောင်း ၊ ပဏာမ စစ်ဆေးချက်များရ ယင်းရုပ်လောင်းများမှာ နစ်မြုပ်သွားသည့် သင်္ဘောမှ သူများဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း ဆိုသည်။ ထို့အပြင် လူ ၁ ဦးကို ကယ်ဆယ်ထားကြောင်း သိရသည်။ ထိုသူက သင်္ဘောမှာ မောင်းနှင်နေစဉ် လှိုင်းကြီး လှေကြီးနှင့်ကြုံတွေ့ရပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် Tawi-Tawi ပြည်နယ်အနီး ပင်လယ်ပြင်တွင် ပျောက်ဆုံးသူများကို ရှာဖွေရန် ဖိလစ်ပိုင်ဘက်မှ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ထားပြီဖြစ်သလို ၄င်းအနီးတ၀ိုက်ပင်လယ်ပြင်ရှိ သင်္ဘောများကိုလည်း သတိထား စောင့်ကြည့်ပေးရန် အကြောင်းကြားထားပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က မလေးရှား သက်ဆိုင်ရာ ဌာနများနှင့် နှစ်ဖက်ပူးပေါင်း ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းတွင် သင်္ဘောတစ်စီးနစ်မြုပ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံး ဖိလစ်ပိုင်နိုင်ငံ အနောက်တောင်ပိုင်းတွင် သင်္ဘောတစ်စီးနစ်မြုပ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၈ ဦး ပျောက်ဆုံး Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.