မုံရွာ၊ သြဂုတ် ၂၇၊ ၂၀၁၈။
စစ်ကိုင်းမြို့၊ မီးရထားရပ်ကွက်၊ ပင်စင်ကုန်းရပ်၊ အောင်ချမ်းသာသီလရှင်ကျောင်းရှေ့တွင် သီလရှင်တစ်ပါးမှ ဘုန်းကြီးတစ်ပါးအား စတီးဓားဖြင့် ထိုးမှုတစ်ခု သြဂုတ် ၂၆ ရက် ညနေ ၅နာရီခွဲက ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမူခင်းမှတ်တမ်းများအရ သိရသည်။
ဓားဖြင့် ထိုးခံရသူမှာ အောင်ချမ်းသာရပ်ကွက် ဇေယျမင်္ဂလာ ဘုန်းကြီးကျောင်းတိုက်မှ သက်တော် ၄၆ နှစ်ရှိ ဆရာတော်ဖြစ်ပြီး အလှူခံပစ္စည်းကိစ္စနှင့်ပတ်သက်၍ စကားများရာမှ သက်တော် ၄၈ နှစ်ရှိ သီလရှင်မှ ၀ဲဘက်နံဘေးကို ဓားဖြင့်ထိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်အရ သိရသည်။
ဓားထိုးခံရသော ဘုန်းကြီးကို စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံမှ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ပြီး ဇေယျမင်္ဂလာကျောင်းတိုက် လက်ထောက်ဆရာတော်မှ တရားလိုပြုလုပ်ကာ သီလရှင်ကို စစ်ကိုင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားသည်။
နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar
သီလရှင်မှ ဘုန်းကြီးကို ဓားဖြင့်ထိုး
Reviewed by THITHTOOLWIN
on
20:52
Rating:
