![]() |
တန်ဖိုးကြီး မာစီးဒီးကား ၂၂ စင်းထိ ပိုင်ဆိုင်ခဲ့ |
ရဟန်းသံဃာတွေ အပေါ် အင်မတန် ကြည်ညို လေးစားတတ်တဲ့ ထိုင်းနိုင်ငံမှာ သံဃာတစ်ပါးရဲ့ အဆင့်အတန်းကို အသုံးချလို့ လူတွေဆီက ဝတ္ထုငွေတွေ၊ လှူဖွယ် ပစ္စည်းတွေ အမြောက်အများ ရယူ ခဲ့ပြီး အင်မတန် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဝယ်ယူ ဇိမ်ခံ သုံးစွဲခဲ့တဲ့ ဝီရာပိုးလ်ကို အခုလို နှစ်ရှည် ထောင်ဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။
ဝီရာပိုးလ်ဟာ ဒီလို ငွေရေးကြေးရေး အရှုပ်အရှင်း အမှုကိစ္စတွေနဲ့တင်မက အရွယ်မရောက်သေး အသက် မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ လိင်ဆက်ဆံ ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့လည်း ရင်ဆိုင် နေရပါတယ်။
ဒီဇိမ်ခံထိုင်းဘုန်းကြီးရဲ့ ဘွဲ့အမည်က လူအန်ပုနန်ခမ် လို့ သိရပြီး နာမည်ပျက်တွေကြောင့် ၂ဝ၁၃ ကတည်းက လူထွက် ခဲ့ရပြီး ဖြစ်ပါတယ်။
![]() |
ယူကျု့ပေါ် ဗီဒီယိုရောက်လာပြီး အမေရိကန်ကို ထွက်ပြေးခဲ့ |
သူ့ကိုယ်ပိုင် ဝယ်ယူ သုံးစွဲတယ် ဆိုတဲ့ ပစ္စည်းတွေကို ကြည့်ရင် တော်ရုံတန်ရုံ ဈေးကြီးတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။
ဝီရာပိုးလ် ဆွတ်ပိုးလ် ဆီမှာ ဘဏ်စာရင်း အများအပြားရှိသလို တန်ဖိုးကြီး မာစီးဒီးကား ၂၂ စင်းထိလည်း ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုယ်ပိုင် ဂျက်လေယာဉ်ပျံ ပေါ်မှာ ရိုက်ထားတဲ့ ဗီဒီယိုလည်း လွန်ခဲ့တဲ့ ၅ နှစ်က ထွက်လာဖူးပြီး လူမှုကွန်ရက်တွေပေါ်မှာပါ အင်မတန် အပြောများခဲ့ပါတယ်။
အဲဒီ ယျူကျု့ ဗီဒီယိုထဲ ငွေတွေ အထပ်လိုက်ကိုင်၊ တန်ဖိုးကြီး နေကာမျက်မှန်တပ်ထားတဲ့ ဝီရာပိုးလ် ဆွတ်ပိုးလ်ကို တွေ့ခဲ့ရပါတယ်။
![]() |
သံဃာကို ကြည်ညိုကြတဲ့ ထိုင်းနိုင်ငံ |
ဒါပေမယ့် ထိုင်းကို ပြန်အပို့ ခံခဲ့ရပြီး ငွေကြေး အရှုပ်အရှင်း စွဲချက်တွေနဲ့သာမက လိင်ပိုင်း မဖွယ်မရာ ကိစ္စတွေနဲ့ပါ အမှု ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
![]() |
လိင်မှုကိစ္စ စွဲချက်နဲ့ပါ ရင်ဆိုင်နေရ |
ထိုင်းဘုန်းကြီးတချို့ကြား ငွေရေးကြေးရေး အပါအဝင် အရှုပ်အရှင်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ထိုင်းနိုင်ငံထဲ အခုနှစ်ပိုင်းတွေ အတွင်း လူတွေ ပို ဂရုတစိုက် ရှိလာကြပါတယ်။
၂ဝ၁၄ မှာ ထိုင်း စစ်တပ်က အာဏာသိမ်းပြီး နောက်မှာတော့ သာသနာတော် သန့်ရှင်းရေး ဆိုပြီး တိုးမြှင့် လုပ်ဆောင် လာတာမှာ သတင်းထွက်နေတဲ့ ဘုန်းကြီးတွေကို ဖမ်းတာဆီးတာမျိုးတွေ တင်မက၊ ထိုင်းဗုဒ္ဓဘာသာမှာ အဆင့်မြင့်ဆုံး ကောင်စီအဖွဲ့ရဲ့ ဩဇာကို လျှော့ချတဲ့ ဥပဒေမျိုးကိုလည်း ပြဌာန်းလာတာ တွေ့ရပါတယ်။
BBC Burmese
https://www.bbc.com
ထိုင်းဘုန်းကြီးဟောင်းကို ထောင်နှစ်တစ်ရာကျော် ချမှတ်
Reviewed by THITHTOOLWIN
on
05:04
Rating:
