![]() |
Photo: Htet Arkar/RFA |
![]() |
Photo: Htet Arkar/RFA |
ပြည်သူတွေဆီက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို သိချင်တဲ့အပြင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် လိမ္မာလားဆိုတာကို သိချင်တာကြောင့် မကွေးတိုင်းအတွင်းကို လာရောက်တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လက်ရှိ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာမှာ ပြုလုပ်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေတွေ့ဆုံတဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဆင်ခြင်တုံတရားရှိမှ အစိုးရကောင်းကိုရမှာဖြစ်ကြောင်း၊ ပါတီဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်ဖြစ် ပြောင်းလဲတတ်ကြောင်းနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တကယ်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လုပ်ဖို့လိုအပ်ကြောင်း ပြောပါတယ်။
ဆွေးနွေးပွဲမှာ မကွေးတိုင်ဒေသအတွင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးကို ကိုယ်ဖြေကြားစေခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒေသခံပြည်သူတွေ စကားဝိုင်း
Reviewed by THITHTOOLWIN
on
11:11
Rating:
