ရေနံချောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေနှင့်အတူ လူနှစ်ဦးမျောပါ တစ်ဦးပျောက်ဆုံး


ရေနံချောင်း ၂၅ သြဂုတ်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီခန့်က မိုးသည်းထန်းစွာ ရွာသွန်းခဲ့ပြီး နောင်ရိုးချောင်းအတွင်း ဆိုင်ကယ်နှင့် ဖြတ်ကူးသူလူနှစ်ဦး မျောပါခဲ့ရာ တစ်ဦးမှာချောင်းကမ်း ဘက်သို့ တက်ရောက်လွတ်မြောက်ခဲ့သော်လည်း တစ်ဦးမှာ မျောပါပျောက်ဆုံးခဲ့ကြောင်းသိရသည်။

ချောက်မြို့၊ ရွှေသူဌေးကုန်းရပ်နေသူ မောင်ကျော်ဝင်းသူသည် သစ်တပွေချောင်းရေစီးနေချိန်တွင် ဆိုင်ကယ် တွန်း၍ ဖြတ်ကူးရာ အနီးရှိ ချောင်းရေကျချိန် ဖြတ်ကူးရန် စောင့်ဆိုင်းနေသော မောင်ပြည့်ဖြိုးအောင်က ကူတွန်း ပေးနေစဉ် ရုတ်တရက်ချောင်းရေတက်လာပြီး ရေစီးနှင့်အတူမျောပါသွားရာ မောင်ပြည့်ဖြိုးအောင်မှာ ချောင်း ကမ်းဘက်သို့တက်ရောက်လွတ်မြောက်ခဲ့သည်။


အဆိုပါရေစီးနှင့် မျောပါသွားသူအား မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်တပ်ဖွဲ့ဝင်များ၊ သစ်တပွေရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ညောင်လှရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ခလရ(၇၇)မှ တပ်မတော်သားများ လိုက်လံရှာဖွေရာ ၎င်းစီးနင်းလာသော ဒါယန်းအနက်ရောင် ၁၁၀ ဆိုင်ကယ်နှင့် တူးဘောက်အတွင်းမှ ဟွာဝေး ဖုန်းတစ်လုံး ပြန်လည်တွေ့ရှိပြီး ရေစီးနှင့်မျောပါသွားသူ မောင်ကျော်ဝင်းသူအား ဆက်လက်ရှာဖွေလျက်ရှိ ကြောင်း သိရသည်။

သြဂုတ် ၂၄ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နောင်ရိုးချောင်းနှင့် ချောင်းနိမ့်ချောင်းတို့ ရေကြီးရေ လျှံမှုဖြစ်ကာ ချောင်းဘေးတလျောက်ရှိ နေအိမ်အဆောက်အဦးများနှင့် အနိမ့်ပိုင်းရပ်ကွက်တစ်ချို့ ရေဝင် ရောက်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်ဆက်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ရေနံချောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေနှင့်အတူ လူနှစ်ဦးမျောပါ တစ်ဦးပျောက်ဆုံး ရေနံချောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေနှင့်အတူ လူနှစ်ဦးမျောပါ တစ်ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.