တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်


 အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ သွင်းကုန်အခွန်ကိစ္စ ညှိနှိုင်းရေး ကြိုးစားနေကြချိန်မှာ အမေရိကန်က တရုတ် သွင်းကုန်ပစ္စည်း ဒေါ်လာ ၁၆ ဘီလျံကို သြဂုတ်လ ၂၃ ရက်နေ့ကစပြီး အခွန်တိုးကောက်လိုက် ပါတယ်။

အမေရိကန်က ပထမအသုတ်အနေနဲ့ တရုတ်သွင်းကုန် ဒေါ်လာ ဘီလျံ ၅ဝ တန်ဖိုးကို အခွန်တိုးခဲ့ပြီးနောက် တရုတ်ကလည်း အမေရိကန်က တိုးကောက်တဲ့ အခွန်နဲ့ ညီမျှတဲ့ အမေရိကန် သွင်းကုန်တွေကို အခွန် တိုးကောက်လိုက် ပါတယ်။

အခုလို အမေရိကန်နိုင်ငံဘက်က စတင်လုပ်ဆောင်လာတာနဲ့ ပတ်သက်ပြီး တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒါဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ဘက်က တရုတ်ကုန်ပစ္စည်း နောက်ထပ် ဒေါ်လာ ဘီလျံ ၂ဝဝ ကို အခွန်တိုးကောက်ဖို့ ရှိနေပြီး အခုတပတ်အတွင်း လူထုကြားနားပွဲ လုပ်ဖို့ ရှိပါတယ်။

Photo: AFP
RFA Burmese
https://www.facebook.com/rfaburmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ