![]() |
ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက္ကနဖ် ရိုဟင်ဂျာဒုက္ခသည် စခန်းအတွင်း သြဂုတ်လ ၁၇ ရက်နေ့က ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ Photo: AFP |
အသတ်ခံရသူတွေထဲမှာ လူအများ လေးစားကြည်ညိုခံရသူ ခေါင်းဆောင် ၃ ဦးပါသလို ငယ်ရွယ်သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
လူဦးရေ တသိန်းကျော်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့အင်အားဟာ တထောင်လောက်သာရှိတာကြောင့် နှစ်ဆတိုးချထားပေးဖို့ စခန်းတာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုထားပါတယ်။
အဲဒီလူဆိုးဂိုဏ်းတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အမျိုးသမီးငယ်တွေကို ရောင်းစားတာ၊ လူကုန်ကူးတာတွေလည်း လုပ်တယ်လို့ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုတွေနဲ့ ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာ ရာဂဏန်းအထိ ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ရဲလုံခြုံရေးဟာ နေ့ခင်းဘက်မှာသာရှိပြီး ညဆိုရင် မရှိတော့ကြောင်း၊ လူဆိုးဂိုဏ်းတွေ ဒုက္ခသည်စခန်းတွေထဲ ဝင်လာလို့ ဖုန်းဆက်အကြောင်းကြားတဲ့အခါ အချိန်မီ ရောက်လာတာမရှိဘဲ။ သေဆုံးသူတွေရှိပြီးမှသာ ရောက်လာတတ်တယ်လို့ ဒုက္ခသည်စခန်းတခုရဲ့ တာဝန်ရှိသူတဦးက AFP သတင်းအေဂျင်စီကို ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
ရိုဟင်ဂျာစခန်းတွေမှာ လူဆိုးဂိုဏ်းတွေသောင်းကျန်း
Reviewed by THITHTOOLWIN
on
21:02
Rating:
