ပြင်ဦးလွင်မြို့နယ်မှာ အရှိန်မထိန်းနိုင်သည့်ယာဉ် တိမ်းမှောက် ၊ လူ(၂၀)ဦးဒဏ်ရာရရှိ


၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲရွာ-ကျောက်ချောကားလမ်း၊ မိုင်တိုင်အမှတ်(၅/၀)အနီး၌ အရှိန်မထိန်းနိုင်သည့်ယာဉ် တိမ်းမှောက်မှုကြောင့် လူ(၂၀)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

 မြစ်သားမြို့နယ်၊ မုံတောကြီးကျေးရွာနေ ကျော်စိုးမင်း(၃၂)နှစ်မောင်းနှင်လာသည့် 8H/×××× လိုက်ထရပ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

 ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မုံတောကြီးကျေးရွာနေ မနှင်းစန္ဒာမိုး ပါ(၂၀)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်စိုးမင်းအား ပြင်စာရဲ ကင်းစခန်းယာဉ်(ပ)၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပြင်ဦးလွင်မြို့နယ်မှာ အရှိန်မထိန်းနိုင်သည့်ယာဉ် တိမ်းမှောက် ၊ လူ(၂၀)ဦးဒဏ်ရာရရှိ  ပြင်ဦးလွင်မြို့နယ်မှာ အရှိန်မထိန်းနိုင်သည့်ယာဉ် တိမ်းမှောက် ၊ လူ(၂၀)ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.