ရေတာရှည်မြို့နယ်၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး တစ်ဦးသေဆုံး


ရေတာရှည် သြဂုတ် ၎

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်ဘက်အထွက်တွင် သြဂုတ် ၃ ရက် ညနေ ၆ နာရီခွဲခန့်က ရှေ့မှသွားနေသည့်ယာဉ်ကို အရှိန်ဖြင့်ကျော်တက်စဉ် မျက်နှာ ချင်းဆိုင်ဘက်မှ မောင်းနှင်လာသော ၂၂ ဘီး ကုန်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရ သည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ဒုတိယရဲအုပ် အောင်ကိုကိုသန့် ဦးစီးသည့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ခင်မောင်လေး(ခ)ကိုလေး (၄၉နှစ်) အမှတ် (၁)ရပ်ကွက် ရေတာရှည်မြို့နေသူသည် ဟွန်ဒါဝေ့ဗ်ဆိုင်ကယ် အား မောင်းနှင်လာစဉ် မိုင်တိုင် ၁၉၃/၂ နှင့် ၃ ကြားအရောက် ရှေ့မှသွားနေသည့် ယာဉ်ကို အရှိန်ဖြင့်ကျော်တက်ခဲ့ရာ အခင်းဖြစ်နေရာအရောက် မျက်နှာချင်းဆိုင်မှ မိုးကျော်(၂၅နှစ်) ရဲစုရပ်ကွက် ကျောက်ဆည်မြို့နေသူ မောင်းနှင်လာသော YGN 7M/-----------စကာနီယာ၂၂ ဘီး ကုန်တင်ယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ခင်မောင်လေး(ခ)ကိုလေးမှာ ရရှိသော ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့၍ ရေတာရှည်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကိုလွင်(ဆွာ)

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေတာရှည်မြို့နယ်၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး တစ်ဦးသေဆုံး ရေတာရှည်မြို့နယ်၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.