![]() |
အောင်ဝင်းဇော်ကို စစ်ဆေးရာမှာ စီစီတီဗွီကို ပြန်လည် ဖွင့်ပြစစ်ဆေးခဲ့ |
သြဂုတ်လ ၁၀ ရက်နေ့မှာ ဇေယျာဖြိုးကို ပထမဆုံးအကြိမ် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဇေယျာဖြိုးရဲ့ လျှောက်လဲချက်ကို စတင်ကြားနာရာမှာ ဇေယျာဖြိုးက အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ကြောင်း အဓိက ဦးတည်လျှောက်လဲခဲ့ပါတယ်။
တပ်မတော်မှာ စစ်မှုထမ်းခဲ့ရာမှာ ဆုတံဆိပ်တွေ၊ ဂုဏ်ထူးဆောင်လက်မှတ်တွေ ရခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ထောက်လှမ်းရေးတပ်မှာ အလုပ်လုပ်ခဲ့ကြောင်းလည်း ထွက်ဆိုခဲ့ပါတယ်။ ဘာသာရေးဆိုင်ရာ အလှူအတန်းတွေ လုပ်ခဲ့ကြောင်း၊ ဘုရားတည်၊ ထီးတင်တာတွေ လုပ်ခဲ့ကြောင်း ထွက်ဆိုသွားပါတယ်။
အဖေနဲ့ ဦးလေးက တရားရေးဆိုင်ရာဝန်ထမ်းတွေ တရားသူကြီးတွေဖြစ်ကြောင်း နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်တွေ ရဖူးကြောင်း ထွက်ဆိုခဲ့ပါတယ်။
လူသတ်မှုနဲ့ပတ်သက်တဲ့ စွဲဆိုချက်ကို ခုခံလျှောက်လဲမှုကိုတော့ နောက်ဆုံး နာရီဝက်လောက်ကျမှ စတင်နိုင်တယ်လို့ ဆိုပါတယ်။
![]() |
ဦးကိုနီ ရောက်လာတဲ့ အချိန်မှာ အောင်ဝင်းဇော်က ထွက်ပေါက်မှာ စောင့်ကြည့်နေပြီး ကြည်လင်းကို ဖုန်းနဲ့ သတင်းပို့တာကိုပါ CCTV မှတ်တမ်းတွေမှာ တွေ့ရ |
ဇူလိုင်လ ၉ ရက် တရားခွင်မှာတော့ ကြည်လင်းရဲ့ရှေ့နေ ဦးကျော်ကျော်ထိုက်က အောင်ဝင်းဇော်ကို ပြန်လှန်စစ်မေးရာမှာ ဦးနေလခြွင်းချန်ခဲ့တဲ့ မေးခွန်းတွေကို မေးခဲ့တယ်လို့ ဦးနေလက ဘီဘီစီကို ပြောပါတယ်။
ဦးကျော်ကျော်ထိုက်ဟာ အောင်ဝင်းဇော် ဖြေဆိုနိုင်မယ့် မေးခွန်းတွေကိုသာ ပြန်လှန်စစ်မေးပြီး အဲဒီမေးခွန်း အားလုံးလိုလိုကို အောင်ဝင်းဇော်က ဟုတ်မှန်ကြောင်းဖြေဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါကိုသုံးသပ်ရင် စည်းဝါးကိုက်တိုင်ပင်ထားပုံရတယ်လို့ ဦးနေလက ဆိုပါတယ်။
စီစီတီဗွီ လုံခြုံရေး ကင်မရာတွေကို ပြန်လည်ဖွင့်ပြစစ်ဆေးခဲ့ရာမှာ အောင်ဝင်းဇော်နဲ့ ကြည်လင်းဟာ အများထင်သလို တောက်လျှောက် အတူတွဲပြီးတွေ့ခဲ့တာ မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ အောင်ဝင်းဇော်ရဲ့ ရှေ့နေ ဦးအောင်ခိုင်က ဆိုပါတယ်။
ဒါပေမယ့် တရားလိုရှေ့နေဦးနေလကတော့ တရားခံရှေ့နေတွေက စီစီတီဗွီကို ပြန်လည် ဖွင့်ပြစစ်ဆေးခဲ့တဲ့ အတွက် လေဆိပ်မှာ အောင်ဝင်းဇော်ရဲ့ လှုပ်ရှားမှုတွေ ပိုမိုပေါ်လွင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲသလို ပေါ်လွင်ခဲ့တဲ့ အတွက် သူ့အနေနဲ့ ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။
အောင်ဝင်းဇော်ဟာ လေဆိပ်ထဲ အဝင်အထွက် လမ်းကြောင်းတွေကို မသိတဲ့ ကြည်လင်းကို ရှေ့ကနေ လမ်းပြခေါ်ဆောင်ခဲ့ကြောင်း ထင်ရှားပေါ်လွင်တယ်လို့ ဦးနေလက ပြောပါတယ်။
ဒါ့အပြင် သူတို့ချင်း တပေမကွာတဲ့ အနေအထားနဲ့ နောက်ကျောချင်းကပ် ရပ်နေခဲ့တာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
တယ်လီဖုန်းမှတ်တမ်းတွေကို စစ်ဆေးစဉ်ကလည်း ဦးကိုနီကို မလုပ်ကြံမီ ၂ မိနစ် အလိုအထိ ကြည်လင်းနဲ့ အောင်ဝင်းဇော် ဖုန်းပြောဆိုခဲ့ကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဦးကိုနီအမှုနဲ့ ပတ်သက်ပြီး အခုတရားခွင်ဟာ ၆၅ ကြိမ်မြောက် ရုံးချိန်းဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
စီစီတီဗွီကပြောတဲ့ ဦးကိုနီအမှု
Reviewed by THITHTOOLWIN
on
07:43
Rating:
