ဒါကာဆန္ဒပြပွဲ ကျောင်းသား တစ်ရာကျော် ဒဏ်ရာရ

Photo: MUNIR UZ ZAMAN / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ မနေ့က ဆန္ဒပြကျောင်းသားတွေကို ရဲက မျက်ရည်ယို ဗုံးတွေ ရော်ဘာကျည်ဆံတွေနဲ့ ပစ်ခတ်လို့ ကျောင်းသား တစ်ရာကျော် ဒဏ်ရာရသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အရှိန်ပြင်းစွာမောင်းနှင်လာတဲ့ ဘတ်စ်ကားတစင်း ဝင်တိုက်လို့ ဆယ်ကျော်သက်ရွယ် နှစ်ယောက် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ပြောခွင့်ရှိသူက ကျောင်းသားတွေကို သူတို့အကြမ်းဖက်ဖြိုခွဲခြင်း မရှိပါဘူးလို့ ငြင်းဆိုပေမယ့် ဆေးရုံအရေးပေါ်ဌာန တာဝန်ကျ ဆရာဝန် တစ်ဦးက စနေနေ့ နေ့လည်ပိုင်းက စတင်ရောက်ရှိလာတဲ့ ဒဏ်ရာရ ကျောင်းသား အရေအတွက် ၁၁၅ ဦးရှိပါတယ်၊ တချို့က အတော်ပြင်းထန်တယ်။ ရာဘာကျည်ဆံကြောင့်ရတဲ့ ဒဏ်ရာတွေ အထင်အရှားတွေ့ရတယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဒါကာဆန္ဒပြပွဲ ကျောင်းသား တစ်ရာကျော် ဒဏ်ရာရ ဒါကာဆန္ဒပြပွဲ ကျောင်းသား တစ်ရာကျော် ဒဏ်ရာရ Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.