ပန်းတောင်းမြို့နယ်တွင် ဘုရာဖူးယာဉ်တစ်စီး နောက်ပြန်လိမ့်ကျ တိမ်းမှောက်ကာ ၁၈ ဦး ဒဏ်ရာရ


ပန်းတောင်း သြဂုတ် ၁၂

ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်-ကံမ ကားလမ်းအတိုင်း ဗောဓိတစ်ထောင်(ဒီပါအေးဘုရား) သို့ ဖူးမျှော်ရန်လာရောက်သော ဘုရားဖူးယာဉ်တစ်စီး သြဂုတ် ၁၁ ရက် နံနက် ၉ နာရီအချိန်ခန့် နောက် ပြန်လိမ့်ကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လိုက်ပါလာသူ ၁၈ ဦးဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။

 အောင်ပြည့်စုံ ၂၈ နှစ်၊ ပေါင်းတလည်မြို့၊ ပြည်မြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဘုရားဖူးခရီး သည် ၄၅ ဦးခန့်တင်ဆောင်လာသော BA/-----CENTAR .ယာဉ်သည် ပြည်-ကံမကားလမ်း အတိုင်း မောင်းနှင်လာကာ ဗောဓိတစ်ထောင်(ဒီပါအေးဘုရား)အနီးကုန်းတက်အရောက် နောက်ပြန်လိမ့်ကျသွားခဲ့ ခြင်းဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ ၁၈ ဦးခန့် မစိုးရိမ်ရ ဒဏ်ရာများရရှိသွားခဲ့ ကြောင်းသိရှိရ၍ ပန်းတောင်းမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပန်းတောင်းမြို့နယ်တွင် ဘုရာဖူးယာဉ်တစ်စီး နောက်ပြန်လိမ့်ကျ တိမ်းမှောက်ကာ ၁၈ ဦး ဒဏ်ရာရ ပန်းတောင်းမြို့နယ်တွင် ဘုရာဖူးယာဉ်တစ်စီး နောက်ပြန်လိမ့်ကျ တိမ်းမှောက်ကာ ၁၈ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 22:28 Rating: 5
Powered by Blogger.