![]() |
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံကို တွေ့ရစဉ်။ ဓါတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော် - facebook |
၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ အဲဒီအသုံးစရိတ်အတွက် ငွေကျပ်သိန်း ၅၈ဝဝ တင်ပြတောင်းခံခဲ့တာကို စစ်ဆေးရေးအဖွဲ့က ပြန်လည်စိစစ်ပြီး အခုလို အရေးယူခဲ့တာလို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်တဲ့ ဆောက်လုပ်ရေဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းထံက သိရတဲ့သတင်းကို ဒေါ်ယဉ်မင်းလှိုင်က ပြန်ပြောပြတာဖြစ်ပေမယ့် ဒုဝန်ကြီး ဦးကျော်လင်းကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတာကို မဖြေကြားခဲ့ပါဘူး။
လွှတ်တော်အဆောက်အအုံ ဆေးသုတ်တဲ့ကုမ္ပဏီကို အခုလို ပိုတင်ပြထားတဲ့ ငွေကြေးကို ပြန်လည်ပေးသွင်းစေတယ်လို့ ဆိုပေမယ့် ဘယ်လောက်ပြန်လည်ပေးသွင်းရတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
သုတ်ဆေးတွေ အရည်အသွေးမမီတာအပြင်၊ တောင်းခံထားတဲ့ ကုန်ကျစရိတ် ငွေကျပ်သိန်း ၅၈ဝဝ ရဲ့ လေးပုံတပုံသာ အမှန်တကယ် ကုန်ကျသင့်တယ်ဆိုပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂ဝ၁၈ ခုနှစ် ဧပြီလက လွှတ်တော်များ အုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်ဆေးသုတ်တဲ့စရိတ်တွေ များနေတဲ့အတွက် စုံစမ်းစစ်ဆေးရာကနေ အခုလို ကိစ္စတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
လွှတ်တော်အဆောက်အအုံ ဆေးသုတ်စရိတ် ပိုမိုတောင်းခံထားတာ တွေ့ရှိ
Reviewed by THITHTOOLWIN
on
21:22
Rating:
