![]() |
ဖေ့စ်ဘွတ်ခ် ပေါ်ကနေ စပိန်လာလီဂါ ဘောလုံးပွဲစဉ်တွေ အခမဲ့ တိုက်ရိုက် ကြည့်ခွင့် ရတော့မယ် |
စပိန်လာလီဂါ ဘောလုံးရာသီ ၃ ခုရဲ့ ပွဲစဉ်တိုင်းကို ဖေ့စ်ဘွတ်ပေါ်မှာ တိုက်ရိုက်ပြသခွင့်ရဖို့ သဘောတူတာလည်း ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ရဲ့ အာကစားတိုက်ရိုက်ထုတ်လွှင့်မှု ဒါရိုက်တာ ပီတာဟတ်တန်က 'ဒါက သဘောတူညီမှု တခုပါ၊ ကမ္ဘာတဝန်းက တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ခြိမ်းခြောက်တာမျိုး ဖြစ်လာဖို့မရှိပါဘူး' လို့ ပြောပါတယ်။
တောင်အာရှ ၆ နိုင်ငံ ထဲပါတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ နိုင်ငံတွေက ဖြစ်ပြီး လာမယ့် ဘောလုံးရာသီအစ သောကြာနေ့ သြဂုတ်လ ၁၇ ရက်နေ့က စလို့ စပိန်ဘောလုံးပွဲစဉ် ၃၈၀ ထဲက ဘယ်ပွဲကိုမဆို အခမဲ့ ကြည့်ခွင့်ရတော့မှာပါ။
တောင်အာရှထဲမှာ မပါတဲ့ နိုင်ငံတွေကတော့ ဒီပွဲစဉ်တွေကို ကြည့်ရှုခွင့်ရမှာ မဟုတ်ပါဘူး။
![]() |
တောင်အာရှမှာ ဖေ့စ်ဘွတ်အကောင့်သုံးကြသူ သန်ပေါင်း ၃၄၈ သန်း ရှိ |
ဖေ့စ်ဘွတ်ဟာ အခုလို တိုက်ရိုက်အားကစားပွဲ ထုတ်လွှင့်ပြသပြီး ကြီးမားတဲ့ခြေလှမ်းတရပ် လှမ်းတယ်လို့ ဆိုပေမယ့် ဖေ့စ်ဘွတ် ကုမ္ပဏီဖက်ကတော့ ဒါဟာ စမ်းသပ်မှုခြေလှမ်းတရပ်လို့ ဆိုပါတယ်။
ဖေ့စ်ဘွတ်ဟာ တချို့အားကစားပွဲစဉ်တွေကို ပြသခဲ့ပေမယ့် အခုခါမှာတော့ တိုက်ရိုက်အားကစားပွဲထုတ်လွှတ်မှုကနေ အပြန်အလှန်ပြောဆိုတာတွေကို အားပေးလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese
ဖေ့စ်ဘွတ်ပေါ်မှာ စပိန်လာလီဂါဘောလုံးပွဲစဉ်တွေ အခမဲ့ တိုက်ရိုက်ကြည့်ရှုခွင့် သဘောတူညီမှုရခဲ့
Reviewed by THITHTOOLWIN
on
21:02
Rating:
