ငပလီမြို့၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာ တစ်ဦးသေဆုံး


ငပလီ သြဂုတ်- ၁၅

ငပလီမြို့ ၊ လင်းသာ ကားလမ်းမကြီးပေါ်တွင် သြဂုတ်လ ( ၁၄ ) ရက်နေ့ ၊ နံနက် ( ၁၀ ) နာရီအချိန်၌ မော်တော်ကားနှင့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူမှာ နေရာတွင် ပွဲချင်းပြီး တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ ဂေါက်ကွင်းအ၀င်ဝ ငပလီ - လင်းသာသွား ကားလမ်းမ ၊လမ်းကွေ့ပေါ် တွင် ငပလီလမ်းဆုံဘက်မှ လင်းသာရပ်ကွက်ဘက်သို့ လမ်း၏ လက်ယာဘက် ယာဉ်ကြောအတိုင်း ကျော်စိုးလင်း လင်းသာရပ်ကွက်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 6M / ---- FORLAND အနီရောင် ( လိုင်စင်ရှိ ) မော်တော်ယာဉ်အား လင်းသာမှ ငပလီလမ်းဆုံဘက်သို့ သံတွဲမြို့နယ်ရှိ ဓါးသွေးကျောက်ကျေးရွာနေသူ ဦးမြင့်ဆွေ မောင်းနှင်လာသော KENBO 125 အနက် ( လိုင်စင်စစ် ဆေးဆဲ ) ဆိုင်ကယ်မှာ လမ်း၏ ဝဲဘက်အခြမ်းမျက်နှာချင်းဆိုင်လာနေသောကား၏အောက်ခြေရှိ သံပန်းအကာအားဝင်ရောက်တိုက်မိပြီး ဆိုင်ကယ်မှာ လမ်းဘေးသို့ ပေ ( ၂၀ )ခန့်သို့ လွှင့်စင်လဲကျ သွားခဲ့ပြီး ဆိုင်ကယ်မှာ အရှေ့ဂွေ ပိန်ချိုင့်ကာ ရှေ့မီးခွက်နှင့်ဒူးကာများကျိုးပဲ့ပျက်စီး၍ ဆိုင်ကယ် မောင်းသူ ဦးမြင့်ဆွေမှာ ဝဲဘက် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ၊ဘယ်ဘက် ပေါင်ရင်းကျိုးပဲ့ဒဏ်ရာ ၊ ဘယ်ဘက်ဒူးခေါင်းပေါက်ပြဲဒဏ်ရာ ၊ ဘယ်ဘက်လက်မောင်းရင်းကျိုးပဲ့ဒဏ်ရာများဖြင့် အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့သဖြင့် ရဲဆေးစာဖြင့် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ထားရှိကြောင်းသိရှိရသည်။

ယာဉ်ကိုမဆင်မခြင်စည်းကမ်းမဲ့စွာမောင်းနှင်သူ ဦးမြင့်ဆွေအား မဇင်ရဲစခန်းမှူး ရဲအုပ် သက်နိုင်ဦးမှ တရားလိုပြုလုပ်ကာ အမှုဖွင့်ရေးယူဆောင်ရွက်ထားလျှက်ရှိကြောင်းသတင်းရရှိသည်။

မြို့နယ် ( ပြန်/ဆက် )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ငပလီမြို့၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာ တစ်ဦးသေဆုံး ငပလီမြို့၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိရာ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:15 Rating: 5
Powered by Blogger.