ကျွဲကူးရဲစခန်းမှူး ရဲအုပ် တင်ထွဋ် မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိသည့် တရားခံများကို ပြန်လွှတ်ပေးပြီး ငွေကြေး သိန်းချီ၍ တောင်းယူနေဟုဆို


မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ ကျွဲကူးရဲစခန်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ရဲအုပ် တင်ထွဋ်သည်၊ ၄င်း၏ ကျေးရွာမှာ မူးယစ်ဆေးဝါးများ သုံးစွဲ/ ရောင်းဝယ်သူ များထံမှ ငွေကြေးများ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျွဲကူးကျေးရွာရှိ မူးယစ်ဆေးဝါးများ ရောင်းဝယ်/ သုံးစွဲသူများကို ဖမ်းဆီးပြီး တရားခံများကို ငွေကြေးပေးနိုင်သူကို ပြန်လွှတ်ပေးနေပါတာ ဖြစ်ပါတယ်။


ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့ ၉ နာရီ ၁၅ မီနှစ်အချိန်မှာ စန္ဒာဝတ်ကျေးရွာအုပ်စု၊ ပုလဲသွယ် ရပ်ကွက် အ.ထ.က ကျွဲကူး တပ်နယ်ကျောင်းရှေ့ ဦးအောင်ကျော် နေအိမ်တွင် ကျွဲကူး ရဲကင်းစခန်းမှူး ရဲအုပ် တင်ထွဋ်နှင့် နယ်ထိန်း တပ်ဖွဲ့ ဝင်များ၊ ရဲတပ်ကြပ် လှထွေးအပါဝင် ၆ ဦးနဲ့ ရတနာရပ်ကွက် မီးသတ်တပ်စုမှူး ဦးမောင်လှပါ တပ်ဖွဲ့ ဝင် ၅ ဦး၊ ချမ်းမြေ့သာရီ ရာအိမ်စုမှူးတို့ လိုက်ပါပြီး၊ ချမ်းဝေအောင် (ဘ) ဦးအောင်ကျော်နေအိမ်တွင် ၀င်ရောက်ရှာဖွေရာမှ နေအိမ်အတွင်းတွေ့ရှိပြီး မူးယစ်ဆေးဝါး wy စာတန်းပါ စိတ်ကြွဆေးပြား ၃ ပြားနှင့် ဆက်စပ်ပစ္စည်းကို တွေ့ရှိပြီး ၄င်းထံမှ ငွေကျပ် ခုနှစ်သိန်းအား တောင်ယူကာ ပြန်လည်လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ထိုအပြင် ပင်းအိုကျေးရွာတွင်လည်း ဘိန်းစာရွက်များနဲ့ ဖမ်းမိရသည့် တရားကိုလည်း ဖမ်းဆီးပြီး၊ ငွေကျပ် ၂၀ သိန်းကို တောင်းယူပြီး ပြန်လွှတ်ပေးလိုက်သည်။

Credit /မြိတ်သတင်းများ
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
ကျွဲကူးရဲစခန်းမှူး ရဲအုပ် တင်ထွဋ် မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိသည့် တရားခံများကို ပြန်လွှတ်ပေးပြီး ငွေကြေး သိန်းချီ၍ တောင်းယူနေဟုဆို ကျွဲကူးရဲစခန်းမှူး ရဲအုပ် တင်ထွဋ် မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးရမိသည့် တရားခံများကို ပြန်လွှတ်ပေးပြီး ငွေကြေး သိန်းချီ၍ တောင်းယူနေဟုဆို Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.