![]() |
ဒါရိုက်တာတွေနဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် ဖော်ပြလာ |
ဒီ ဥပဒေသစ်အရ နိုင်ငံတွင်း မှတ်ပုံတင်ထားတဲ့ ပြည်တွင်း ကုမ္ပဏီတွေ၊ နိုင်ငံခြား ကုမ္ပဏီတွေ အားလုံး ဒီကနေ့က စလို့ ပြန်လည် မှတ်ပုံတင် ရမှာ ဖြစ်ပါတယ်။
အရင်ကတော့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားကုမ္ပဏီနဲ့ နိုင်ငံခြားသား ကုမ္ပဏီဆိုပြီး ဥပဒေ နှစ်ခုရှိရာကနေ လက်ရှိ အစိုးရလက်ထက်မှာ အဲဒီဥပဒေနှစ်ခုကိုပေါင်းပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပြဌာန်းထားတာ ဖြစ်ပါတယ်။
![]() |
နိုင်ငံသားပိုင် ဟုတ်မဟုတ် မခွဲခြားတော့တဲ့ ဥပဒေသစ် |
ကုမ္ပဏီ မှတ်ပုံတင်တဲ့အခါ အရင်တုန်းကလို လုပ်ငန်း ရည်ရွယ်ချက်တွေ ဖော်ပြရတာမျိုး၊ မတည်ရင်းနှီးငွေ ဖော်ပြရတာမျိုးတွေ ပြုလုပ်စရာ မလိုတော့ပဲ အခု ဥပဒေသစ်က ဖြေလျှော့ပေးထားပါတယ်။
ဒီ ဥပဒေသစ်မှာ ကုမ္ပဏီရဲ့ ဒါရိုက်တာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို သတ်သတ်မှတ်မှတ် ဖော်ပြလာတဲ့ ထူးခြားချက်မျိုး ရှိတယ် လို့လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဘီဘီစီကို ပြောပါတယ်။
![]() |
ဥပဒေသစ်ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာနိုင်လား |
မှတ်ပုံတင်ရမယ့် ကာလကို ဩဂုတ်လ ၁ ရက်နေ့ကနေ စပြီး လာမယ့်နှစ် ဇန်နဝါရီ လကုန်အထိ သတ်မှတ်ထားပြီး ၆ လအတွင်း မှတ်ပုံ ပြန်မတင်တဲ့ ကုမ္ပဏီတွေကို ကုမ္ပဏီစာရင်းက ပယ်ဖျက်မှာဖြစ်တယ်လို့ ဦးအောင်နိုင်ဦးကပြောပါတယ်။
ဒီကုမ္ပဏီများ ဥပဒေသစ်မှာ ဖြေလျှော့မှုတွေ ပြုလုပ်လာတာ တွေ့ရပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာဖို့ အတွက်ကတော့ နိုင်ငံရေး တည်ငြိမ်မှု ရှိဖို့ လိုအပ်သလို၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အဦးတွေ ကောင်းမှပဲ တိုးလာမှာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောနေကြပါတယ်။
BBC Burmese
https://www.bbc.com/burmese
ကုမ္ပဏီတွေအားလုံး ပြန်မှတ်ပုံတင်ရမယ့်နေ့ ရောက်လာပြီ
Reviewed by THITHTOOLWIN
on
00:26
Rating:
