![]() |
၁၀ နှစ် ကျော် ကာလအတွင်း စာပေါင်း ၆ ထောင် ကျော် မပို့ခဲ့တာဖြစ် |
ဂျန်ဂန်နန်သ် ပူဟန်ဟာ ကျေးရွာ စာတိုက်ရဲ့ စာပို့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ် ၁၄ နှစ်တာ ကာလအတွင်း စာတိုက်ကနေ တဆင့် ပေးပို့ရမယ့် ထောင်နဲ့ချီတဲ့ စာတွေကို သက်ဆိုင်သူတွေဆီ ပြန်ပြီး မပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကလေးတွေဟာ လူသူမနေတော့ဘဲ စွန့်ပစ်ထားတဲ့ စာတိုက်အဆောက်အဦးဟောင်းထဲ ဆော့ကစားနေတုန်း အထုပ်ကြီးတွေနဲ့ ထုတ်ထားတဲ့ အိတ်ထဲက ဒီစာတွေကို တွေ့ခဲ့တာပါ။
စွန့်ပစ်ထားလို့ ခြစား ဆွေးမြေ့နေတဲ့ ထောင်နဲ့ချီတဲ့ စာတွေထဲမှာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကတည်းက မပို့ဖြစ်ခဲ့တဲ့ စာတွေလည်း ပါတယ်လို့ ဟာ Hindustan Times သတင်းစာ က ဖော်ပြပါတယ်။
![]() |
၁၀ နှစ် ကျော် ကာလအတွင်း စာပေါင်း ၆ ထောင် ကျော် မပို့ခဲ့တာဖြစ် |
ဒါပေမယ့် သူဟာ စာတိုက်ကို ပို့လာတဲ့ စာတွေထဲက မှတ်ပုံတင်ပြီး ပို့ခဲ့တဲ့ စာတွေကိုပဲ သက်ဆိုင်သူတွေဆီ အရောက် ပို့ခဲ့တာပါ။
ပို့ခဲ့လား မပို့ခဲ့လားဆိုတာ နောက်ကြောင်းပြန်မစစ်နိုင်တဲ့ မှတ်ပုံ မတင်ထားတဲ့ စာတွေကိုတော့ မပို့ဘဲ ချန်ထားခဲ့တာလို့ ဆိုပါတယ်။
အခုတော့ အိန္ဒိယ အာဏာပိုင်တွေဟာ စစ်ဆေးမှုတွေ လုပ်နေပေမယ့် မပို့ဖြစ်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ စာတွေအတွက် တိုင်ကြားမှုတစုံတရာ ရထားတာ မရှိဘူးလို့ ပြောပါတယ်။
BBC Burmese
https://www.bbc.com/burmese
ထောင်နဲ့ချီတဲ့ စာတွေ မပို့ခဲ့တဲ့ အိန္ဒိယ စာပို့လုလင် ကို အလုပ်ထုတ်
Reviewed by THITHTOOLWIN
on
18:27
Rating:
