ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ရွာအနီး အမ်း - မင်းဘူးကားလမ်း၊ မိုင်တိုင်အမှတ်(၈၅)မိုင်အနီး တွင် ယနေ့(သြဂုတ်လ ၁၀ ရက်နေ့ )နံနက်ပိုင်းက မင်းဘူးမြို့နယ်မှ အမ်းမြို့နယ်သို့ ဆီဂါလံ ၂၈၀၀ တင်ဆောင်လာသည့်ယာဉ်အမှတ်(B –……) မော်တော်ယာဉ်တစ်စီး လမ်းချော်ပြီး တိမ်းမှောက်ခဲ့ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်မောင်းနှစ်ဦးနှင့် ယာဉ်နောက်လိုက်ဖြစ်သူ မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အမ်းဆေးရုံတွင် တက်ရောက်ဆေးကုသလျှက်ရှိသည်။
San Myat Shwe (fb)
ဓာတ်ဆီဂါလံ ၂၈၀၀ တင်ဆောင်လာတဲ့ ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်
Reviewed by THITHTOOLWIN
on
13:00
Rating:
