တောင်ဥက္ကလာပမြို့နယ်အတွင်း ရွှေဆွဲကြိုး လုယူထွက်ပြေးမှု ဖြစ်ပွား


တောင်ဥက္ကလာ ဩဂုတ် ၂၃

တောင်ဥက္ကလာပမြို့နယ်၊ ဩဂုတ်လ ၂၂ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်၌ ၃ ရပ်ကွက်၊ ငွေကြာရံရိပ်သာ ဂန္ဓမာလမ်းတွင် အသက် ၂၀ ခန့် အမျိုးသမီး (ရပ်ကွက်နေသူမဟုတ်) ၏ ရွှေဆွဲကြိုးအား သူရပြည့်စုံ (ခ) ဖိုးသူရ၊ အသက်(၂၁)နှစ်၊ (ဘ) ဦးဝင်းကိုကို၊ အမှတ်(၁၄၆၈)၊ ရွှေပြည်အေးလမ်း၊ (၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှ လုယူထွက်ပြေး သွားသဖြင့် ပတ်ဝန်းကျင်သို့ အကူအညီ တောင်းခံရာ ပတ်ဝန်းကျင်မှ ပြည်သူများ လိုက်လံဖမ်းဆီး၍ ပါရမီကုန်းကျော် တံတားအောက်၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားခံအား တောင်ဥက္ကလာမြို့မ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးလင်းလင်းထွန်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်ဥက္ကလာပမြို့နယ်အတွင်း ရွှေဆွဲကြိုး လုယူထွက်ပြေးမှု ဖြစ်ပွား တောင်ဥက္ကလာပမြို့နယ်အတွင်း ရွှေဆွဲကြိုး လုယူထွက်ပြေးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.