![]() |
ရုရှား သမ္မတနဲ့ တွေ့ဆုံခဲ့မှု ဟာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အလားသဏ္ဍန်တူတယ်လို့ ဂျွန် ဘရန်နန် က ဝေဖန်ခဲ့ဖူး |
မစ္စတာ ဘရန်နန်ဟာ စိတ်မချ ရတဲ့ အပြုအမူ မျိုးရှိသူ ဖြစ်ပြီး လူမှု ကျင့်ဝတ် ဖောက်ဖျက်သူ ဆိုပြီးတော့ အိမ်ဖြူတော် ဘက် က စွပ်စွဲ ပြောကြား ခဲ့ပါတယ်။
အိမ်ဖြူတော် ပြောရေး ဆိုခွင့် ရှိသူ ဆာရာ ဆန်းဒါး က မစ္စတာ ဘရန်ဒန် ဟာ လျှို့ဝှက် သတင်း ကြည့်ရှုခွင့် ကို အသုံးချပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲ ချက်တွေနဲ့ ကိုယ့်ရဲ့ အစိုးရ ကို နာမည်ဖျက် နေသူဆိုပြီးတော့ သမ္မတ ရဲ့ ကြေညာချက်ကို ဖတ်ကြား ခဲ့ပါတယ်။
မစ္စတာ ဘရန်နန် ဟာ အမေရိကန် ထိပ်တန်း အရာရှိ ဟောင်း ဆိုတဲ့ အခွင့်အရေး ကို အသုံးချပြီးတော့ လျှို့ဝှက် သတင်း အချက် အလက် တွေကို ရယူ ခဲ့ကြောင်းနဲ့ အင်တာနက် စာမျက်နှာတွေနဲ့ ရုပ်မြင်သံကြား တွေမှာ အခြေအမြစ် မရှိတဲ့ စွပ်စွဲ ပြောကြား ချက်တွေနဲ့ ကိုယ့်ရဲ့ အစိုးရ ကို ဝေဖန် ပြောကြားမှု တွေ လုပ်ခဲ့တယ်လို့ လည်း ပြောဆို သွားခဲ့ပါတယ်။
နောက်ပြီး မစ္စဘာ ဘရန်နန် ရဲ့ လုပ်ဆောင်ချက် တွေဟာ လျှို့ဝှက်ချက် တွေကို ပေါက်ကြား စေနိုင်တာကြောင့် သမ္မတ အနေနဲ့ အခြေခံဥပေဒပါ ပြဌာန်းချက် အရ နိုင်ငံရဲ့ ထိပ်တန်း သတင်း အချက် အလက် တွေကို ကာကွယ်ဖို့ တာဝန် ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။
![]() |
အမေရိကန် အရာရှိဟောင်းတွေဟာ သတင်းအချက်အလက်တွေ ရယူပြီး အစိုးရကို ပုတ်ခတ်နေလို့ ထရမ့် ကလည်း ဝေဖန် |
မစ္စတာ ဘရန်နန်ရဲ့ ကိစ္စ ကြောင့် တခြား မေးစရာတွေကလည်း ရှိလာပါတယ်။ ဒါကတော့ အစိုးရ တာဝန် ပြီးဆုံးသွားတဲ့ လူတွေကို အရေးကြီး သတင်း အချက်အလက် တွေ ကြည့်ပိုင်ခွင့် ပေးဉီးမှာလား ဆိုတာပါပဲ။ သူတို့တွေက ဒီ သတင်း အချက် အလက်တွေကို အသုံးချပြီး နိုင်ငံရေး အရ ထိုးနှက် ချက်တွေ လုပ်နေ ကြတယ်ဆိုပြီး တော့လည်း သူက ပြောဆို ခဲ့ပါတယ်။
လုံခြုံရေး ဆိုင်ရာ သတင်းအချက် အလက်တွေကို ကြည့်ရှုခွင့် ရုပ်သိမ်း ခံခဲ့ရတဲ့ မစ္စတာ ဘရန်နန် ကတော့ သမ္မတ အနေနဲ့ လွတ်လပ်စွာ ပြောဆို ခွင့် ကို ဖိနှိပ် ကန့်သတ် လိုက်တာပဲ လို့ သူ့ရဲ့ လူမှု ကွန်ရက်မှာ ရေးသား ခဲ့ပါတယ်။
ပြီးတော့ သမ္မတကိုဝေဖန်တဲ့ လူတွေကို အပြစ် ပေးတဲ့ လုပ်ရပ် မျိုး ဖြစ်တယ် ဆိုပြီးတော့လည်း အိမ်ဖြူတော်ရဲ့ လုပ်ရပ် ကို ပြန်လည် ဝေဖန် ခဲ့ပါတယ်။
မစ္စတာ ဘရန်နန် ဟာ ပြီးခဲ့တဲ့ လတုန်း က အမေရိကန် သမ္မတ နဲ့ ရုရှား သမ္မတ တို့ရဲ့ ဟယ်စင်ကီး မြို့က တွေ့ဆုံပွဲ ဟာ နိုင်ငံတော် သစ္စာ ဖောက်မှု နဲ့ အလားသဏ္ဍန် တူတယ် ဆိုပြီးတော့ ဝေဖန် ခဲ့တဲ့လူ ဖြစ်ပါတယ်။
မစ္စတာ ဘရန်နန် လိုပဲ သမ္မတ ထရမ့် ကို ဝေဖန် ခဲ့ကြတဲ့ FBI ဒါရိုက်တာ ဟောင်း ဂျိမ်းစ်ကိုမီ၊ ထောက်လှမ်းရေး သတင်းအချက်အလက် စုဆောင်းရေး အဖွဲ့ အကြီးအကဲ ဟောင်း ဂျိမ်းစ် ကလပ်ပါနဲ့ အမျိုးသား လုံခြုံရေး အေဂျင်စီ ဒါရိုက်တာ မိုက်ကယ် ဟေဒန် တို့ရဲ့ သတင်းအချက် အလက် ကြည့်ရှုခွင့်တွေကိုလည်း ရုပ်သိမ်းဖို့ အိမ်ဖြူတော် ဘက် က ဆန်းစစ် သုံးသပ် နေတယ်လို့ သိရပါတယ်။
အစိုးရ အတိုက်အခံတွေကတော့ မစ္စတာ ထရမ့် ဟာ သူ့ကို ဝေဖန် သူတွေ ကို ပြန်လည် အပြစ်ပေးတဲ့ ကိစ္စတွေ လုပ်နေပြီ၊ လွတ်လပ်စွာ ပြောဆို ခွင့် ကို အကြီးအကျယ် ခြိမ်းခြောက် နေပြီလို့ ပြောဆိုနေကြပါတယ်။ ဒီလုပ်ရပ်ဟာ အမေရိကန် သမ္မတ မဆန်တဲ့ လုပ်ရပ်မျိုး ဖြစ်တယ် လို့လည်း ဝေဖန်နေကြပါတယ်။
BBC Burmese
https://www.bbc.com
ထောက်လှမ်းရေး အရာရှိဟောင်းတွေရဲ့သတင်းကြည့်ခွင့် ထရမ့် ရုပ်သိမ်း
Reviewed by THITHTOOLWIN
on
09:16
Rating:
