ရိခေါဒါရ်၌ ယမ်းတောင့်များ ဖမ်းဆီးရမိ


ရိခေါဒါရ် သြဂုတ် ၅

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့ ရိဒ်-ဖလမ်း ကားလမ်းမြို့အဝင်ဆိုင်းဘုတ် အနီး၌ သြဂုတ် ၄ ရက် ည ၁၀ နာရီတွင် ရိခေါဒါရ် နယ်မြေရဲစခန်းမှ လုံခြုံရေးဆောင်ရွက်နေစဉ် ရိခေါဒါရ် မြို့ဖက်မှ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ပီနံအိတ်ဖြင့်ထုပ်ထားသော ယမ်းတောင့် (၃၀၀၀၀)တောင့်အား ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ ရိခေါဒါရ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ကြပ် မောင်အောင်၊ ရဲဒုတပ်ကြပ် စဇော်မင်းထက်၊ ရဲဒုတပ်ကြပ် ကျော်ကျော်တို့က နယ်မြေဒေသ လုံခြုံရေးဆောင်ရွက်နေစဉ် ရိဒ်-ဖလမ်း ကားလမ်း ရိခေါဒါရ်မြို့အဝင် “ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီးတွင် ရိဒ်ခေါဒါရ်မြို့ဖက်မှ မောင်းနှင်လာ သော ဆိုင်ကယ်နှစ်စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးခဲ့ရာ အဘ ဦးကျွမ်းထွမ်းမာ၏ သား မောင်လားအဲဗဲလာ (အသက် ၃၀ နှစ်)၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်နေထိုင်သူ မောင်းနှင်လာသော CANDA အမျိုးအစား 125 ဆိုင်ကယ် အနီရောင်၊ ၃၂ယ/.........ပေါ်တွင် ပီနံအိတ်ဖြင့် ထုပ်ထားသော အထုပ်(၂)ထုပ်၊ အဘ ဦးရိုကင်းမာ၏သား မောင်လားမားလ်ဆောမ်မာ (အသက် ၂၇ နှစ်)၊ ရိခေါဒါရ်မြို့ အမှတ်(၂)ရပ်ကွက်နေထိုင်သူ မောင်းနှင်လာသော VERADED အမျိုးအစား 125 ဆိုင်ကယ်အနီရောင်၊ ၄၄ယ/............ပေါ်တွင် ပီနံအိတ်ဖြင့် ထုပ်ထားသော အထုပ်(၁)ထုပ်၊ စုစုပေါင်း အထုပ်(၃)ထုပ်အား တွေ့ရှိ၍ မသင်္ကာသဖြင့် သက်သေများရှေ့၌ ဖွင့်ဖောက်စစ်ဆေးရာ Special Ordinary Detonator (SOD) စာတမ်းပါ တစ်ဗူးလျှင် (၁၀၀)တောင့်စီပါသော ယမ်းတောင့် (၃၀၀)ဗူး၊ စုစုပေါင်း (၃၀၀၀၀) တောင့် အား လက်ဝယ်တွေ့ရှိသဖြင့် ၎င်းယမ်းတောင့်များနှင့် ဆိုင်ကယ်နှစ်စီးအား သက်သေများ၊ အဆိုပါ ယမ်းတောင့်များနှင့်အတူ ဖမ်းဆီးရမိသည့် မောင်လားအဲဗဲလာနှင့် မောင်လားမားလ်ဆောမ်မာ တို့နှစ်ဦးအား ရိခေါဒါရ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ရိခေါဒါရ်-ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရိခေါဒါရ်၌ ယမ်းတောင့်များ ဖမ်းဆီးရမိ ရိခေါဒါရ်၌ ယမ်းတောင့်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.