![]() |
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်ဝီနိုင်း တို့ ၂၀၁၈ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ဆုံစဉ်/ Photo: Myanmar State Counsellor Office |
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးနဲ့ မြန်မာနဲ့ ထိုင်း သံတမန် ဆက်သွယ်မှု နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။
ဝန်ကြီး မွတ်ဝီနိုင်းနဲ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ နှစ် ၇ဝ ပြည့် အခမ်းအနားကို တက်ရောက်ပါတယ်။ အဲဒီ အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံဟာ သန်းနဲ့ချီတဲ့ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေကို အလုပ်အကိုင်နဲ့ အတွေ့အကြုံတွေ ပေးအပ်နေသလို အပြန်အလှန်အားဖြင့် မြန်မာ အလုပ်သမားတွေကလည်း ထိုင်းနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ ထုတ်ပြန်ချက် မှာ ဖေါ်ပြထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
မြန်မာအလုပ်သမားတွေကို ကာကွယ်ဖို့ ထိုင်းဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ပြော
Reviewed by THITHTOOLWIN
on
11:14
Rating:
