အေးရွာသမ္ဗာန်ဆိပ်၌ ဓားထိုးမှုဖြစ်၊ ပွဲချင်းပြီးသေဆုံး

ကြည့်မြင်တိုင် သြဂုတ် ၆

ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင် မြို့နယ်၊ အနောက်ဘက်ကမ်း၊ အေးရွာ ရပ်ကွက် ရဲကင်း အနီး၊ အေးရွာသမ္ဗာန် ဆိပ် အတက်အဆင်း လမ်းပေါ်တွင် သေဆုံးသူ ဦးရန်အေး(ခ)ဦးရန်ရှင်း၊ အသက်၅ဝနှစ်၊ အဖ ဦးဆောင်း၊ အမှတ် ( - )၊ ဦးမောင်မောင်လမ်းနေထိုင်သူအား ရန်ငြိုးရန် စမရှိဘဲနှင့် ဆိုင်ကယ်ကယ်ရီ မောင်းသူ ဝါးရုံဆိပ်ကျေးရွာနေ ကျော်ကြီး ဆိုသူမှ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသွင်းမှု ကြောင့် သြဂုတ် ၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဦးရန်အေး(ခ)ဦးရန်ရှင်း ဆိုသူက လမ်းဘေးကျင်ငယ် စွန့်သည့် ကိစ္စနှင့်ပတ်သက်၍ ပြောသည်ကို မကျေနပ်၍ ဝါးရုံဆိပ် ရပ်ကွက်၊ သစ္စာဝါ ဒီလမ်း၊ အမှတ် ( )တွင်နေထိုင်သူ ကျော်ရဲဝင်း (ခ)ကျော်ကြီး၊ (၂၂)နှစ်၊ အဖ ဦးအောင်ဆန်းဝင်း၊ ဆိုင်ကယ်ကယ်ရီ မောင်းသူက သြဂုတ် (၅)ရက်နေ့ ည (၁၂း၂ဝ)ခန့်က ဓားချွန်ဖြင့် အချက်ပေါင်း များစွာ ထိုး သတ်ခဲ့ခြင်းကြောင့် ထိုနေရာတွင် ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သိရ သည်။

 တရားခံကျော်ရဲဝင်း(ခ)ကျော်ကြီး အား ဖမ်းဆီးရမိရေးအတွက် စက်ဆန်း ရဲစခန်းမှ အမှုဖွင့်ကာ စခန်းမှူး ရဲအုပ်ထွန်းထွန်းဝေနှင့် အဖွဲ့မှ လိုက်လံဖမ်းဆီးလျက် ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

မြတ်ဟိန်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

အေးရွာသမ္ဗာန်ဆိပ်၌ ဓားထိုးမှုဖြစ်၊ ပွဲချင်းပြီးသေဆုံး အေးရွာသမ္ဗာန်ဆိပ်၌ ဓားထိုးမှုဖြစ်၊ ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.