ဗင်နီဇွဲလားနိုင်ငံ၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိ ပေးချက်ထုတ်ပြန်ထားခြင်းမရှိသေး

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)
ကာရာကပ်စ် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အရှေ့ မြောက်ကမ်းရိုးတမ်း၌ သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပြင်းအား ၇.၃ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှု ရှိမရှိကို ချက်ချင်းသတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

ဗင်နီဇွဲလား ငလျင်သုတေသနဖောင်ဒေးရှင်း(Funvisis) က ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၁ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၂၁၃ဝ နာရီ) တွင် Sucre ပြည်နယ် Yaguaraparo မြို့ ၏ အရှေ့ တောင်ဘက် ၁၉ ကီလိုမီတာ၌ ဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဆိုသည်။

ငလျင်ဒဏ်ကို အနီးအနားဒေသများဖြစ်သော Nueva Esparta ၊ Monagas ၊ Bolivar ၊ Delta ၊ Amacuro ၊ Aragua နှင့် Carabobo စသည့် ပြည်နယ်များ သိရှိခံစားခဲ့ရပြီး ဗင်နီဇွဲလားနိုင်ငံမြို့ တော်ကာရာကပ်စ်(Caracas) လည်း ခံစားခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Nestor Reverol က ဆိုသည်။

မြို့ တော်ရှိ အဆောက်အအုံများတွင် နေထိုင်ကြသူများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

အဆိုပါ အင်အားပြင်းငလျင်ကြောင့် နံရံများ ၊ လမ်းများ ပျက်စီးခဲ့ရပြီး အိမ်နီးချင်း ထရီနီဒတ် နှင့် တိုဘာဂိုးနိုင်ငံ အပြင် အတန်ပင်ဝေးကွားသည့် ကိုလံဘီယာနိုင်ငံ မြို့ တော်ဘိုဂိုတာ (Bogota) မှပင် ငလျင်ဒဏ်ကို သိရှိခံစားခဲ့ရပြီး Bogota နိုင်ငံတကာလေဆိပ်ကိုလည်း ယာယီပိတ်ထားရကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံအရှေ့ မြောက်ကမ်းရိုးတန်းဒေသ၌ ငလျင်လှုပ်ခတ်စဉ် လမ်းမပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော လူအုပ်ကြီးအားတွေ့ ရစဉ်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာ က ဆူနာမီဖြစ်နိုင်ကြောင်းအစောပိုင်းတွင် သတိပေးခဲ့သော်လည်း နောက်ပိုင်းတွင် ငလျင်ကြောင့် ဆူနာမီခြိမ်းခြောက်မှု မဖြစ်နိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

“ ယခုအချိန်ထိ သေဆုံးသူ စာရင်းကို မသိရသေးပါဘူး” ဟု ဝန်ကြီးက ရုပ်မြင်သံကြားမှ တဆင့်ပြောကြားခဲ့ပြီး မည်သည့်ပျက်စီးမှုအခြေအနေကိုမဆို အနီးကပ်စောင့်ကြည့်နေကြောင်း ၄င်းက ဆိုသည်။

“ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ရှည်ရှည်ရှိကြဖို့ တိုက်တွန်းပါတယ်” ဟု Reverol က ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံ ဗဟိုအစိုးရအနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အနီးကပ်ဆက်သွယ်၍ လိုအပ်သော လမ်းညွှန်မှုများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးက ဆိုသည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေး၏ ထုတ်ပြန်ချက်အရ ငလျင်မှာ ပြင်းအားရစ်တာစကေး ၇.၃ ရှိကြောင်း ၊ မြေပြင်အောက် အနက် ၁၂၃ ကီလိုမီတာ၌ ဗဟိုပြုကြောင်း သိရသည်။ ယခုငလျင်မှာ ၁၉ဝဝ ပြည့်နှစ်နောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံ၌ လှုပ်ခတ်ခဲ့သည့် အင်အားအပြင်းထန်ဆုံ ငလျင်ဖြစ်ကြောင်းလည်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဗင်နီဇွဲလားနိုင်ငံ၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိ ပေးချက်ထုတ်ပြန်ထားခြင်းမရှိသေး ဗင်နီဇွဲလားနိုင်ငံ၌ ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိ ပေးချက်ထုတ်ပြန်ထားခြင်းမရှိသေး Reviewed by THITHTOOLWIN on 10:30 Rating: 5
Powered by Blogger.