![]() |
ထောင်ကျနေတဲ့ ဘရာဇီး သမ္မတဟောင်း လူလာ |
ဆော်ပေါလို မြို့မှာ အလုပ်သမား ပါတီဝင် နှစ်ထောင်လောက် စုရုံးကာ လူလာ ကို သူတို့ပါတီရဲ့ သမ္မတလောင်းအဖြစ် အောင်မြင်မှု အမှတ်အသား လက်တွေ မြှောက်ပြကာ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် သူတို့ အထဲက အများအပြားဟာ လူလာ ရဲ့ပုံ မျက်နှာဖုံးတွေ တပ်ထား ကြတာ တွေ့ရပါတယ်။
![]() |
အလုပ်သမား ပါတီဝင်တွေက လူလာကို ရွေးချယ် အဆိုပြုကြောင်း ကြေညာကြပြီ |
လက်ရှိ ကနဦး စစ်တမ်းတွေ အရ ဘရာဇီးမှာ လူလာ က ထိပ်ဆုံးက ပြေးနေပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က သူ့ကို ဝင်အရွေးခံခွင့် ပေး၊ မပေး ဆိုတာ အသေအချာ မသိရသေးပါဘူး။
ထောင်ကျနေတဲ့ လူလာ ကတော့ ဆောက်လုပ်ရေး ကုမ္ပဏီ ဆီက လာဘ်ယူခဲ့တယ် ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပြီး ဒါဟာ သူ အာဏာ ပြန်ရမှာစိုးတဲ့ လက်ယာယိမ်း တွေရဲ့ ကြံစည်မှုသာ ဖြစ်တယ်လို့ ပြောနေပါတယ်။
လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင် ၁၂ နှစ် ပြစ်ဒဏ်ကျခံဖို့ အမိန့်ချခံထားရတဲ့ ဘရာဇီး သမ္မတဟောင်း လူလာ ဟာ ရဲတပ်ဖွဲ့ဆီမှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက သွားရောက် အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com
ထောင်နန်းစံ ဘရာဇီး သမ္မတဟောင်းကို ပြန်အရွေးခံဖို့ သူ့ပါတီက အဆိုပြု
Reviewed by THITHTOOLWIN
on
10:03
Rating:
