တရုတ် ဆေးဝါးကွပ်ကဲမှု အရာရှိ ၆ ဦး ထုတ်ပယ်ခံရ

(တရုတ်နိုင်ငံ အလယ်ပိုင်း Jiangxi ပြည်နယ်မှာ ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ သူနာပြုတစ်ဦးကို တွေ့ရစဉ်)
တရုတ်နိုင်ငံမှာ ဆေးကုမ္ပဏီတစ်ခုက အာနိသင် လုံခြုံစိတ်ချရမှု မရှိတဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခဲ့မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အရာရှိ ၆ ဦးကို အလုပ်က ထုတ်ပယ်လိုက်ကြောင်း တရုတ်အစိုးရက စနေနေ့ မနေ့က ကြေညာပါတယ်။ အလုပ်ထုတ်ခံရတဲ့ အရာရှိ ၅ ဦးက တရုတ်နိုင်ငံ အစားအစားနဲ့ ဆေးဝါး အုပ်ချုပ်မှုအဖွဲ့က ဖြစ်ပြီး နောက်အရာရှိတစ်ဦးကတော့ အမျိုးသား အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးသိပ္ပံက ဖြစ်ပါတယ်။ အဲဒီ အရာရှိတွေဟာ ဆေးဝါးကုမ္ပဏီကို လိုအပ်သလို စစ်ဆေး ကွပ်ကဲရန် ပျက်ကွက်ခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကာကွယ်ဆေးထုတ်တဲ့ Changchun Changsheng Biotechnology ကုမ္ပဏီဟာ ဆေးဝါး အာနိသင်နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ပြင်ဆင်ချဲ့ကားခဲ့ကြောင်း ပြီးခဲ့တဲ့လမှာ တွေ့ရှိခဲ့ရတဲ့အတွက် ထုတ်လုပ်မှုကို ရပ်စဲဖို့ အမိန့်ထုတ်ခဲ့ပြီး ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နဲ့ အခြားသူ ၁၄ ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
တရုတ် ဆေးဝါးကွပ်ကဲမှု အရာရှိ ၆ ဦး ထုတ်ပယ်ခံရ တရုတ် ဆေးဝါးကွပ်ကဲမှု အရာရှိ ၆ ဦး ထုတ်ပယ်ခံရ Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.