![]() |
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့ အစီအစဉ် မစတင်နိုင်သေး |
ဩဂုတ်လ ၁ ရက်က ကုလ သမဂ္ဂနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေက နားလည်မှုစာချွှန်လွှာ အရ လုပ်ငန်းအကောင်အထည် ဖေါ်နိုင်ဖို့ ဆွေးနွေး ခဲ့ကြရာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရွာပေါင်း ၃ဝ ကို အစမ်းသဘော စီမံကိန်းတွေ စတင်ဆောင်ရွက်ဖို့ ရွေးချယ်ထားတယ်လို့ မြန်မာနိုင်ငံက UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူ Paul Vrieze က ပြောပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့က နားလည်မှု စာချွန်လွှာကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့ အကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့ Technical Working Group(TWG) ကို ဇူလိုင်လက ဖွဲ့စည်းခဲ့ပြီးနောက် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်က ဒေသတချို့ကို အဲဒီအဖွဲ့က ကွင်းဆင်းလေ့ လာခဲ့ပါတယ်။
အဲဒီ အကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့ထဲမှာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန၊ အလုပ်သမား လူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထား ရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးက တာဝန် ရှိသူတွေ ပါဝင်ပါတယ်။
အစမ်းသဘော စီမံကိန်းတွေကို အဲဒီဒေသက အသိုင်းအဝန်းနှစ်ခုလုံး အတွက် ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး မြန်ဆန် ထိရောက်တဲ့ စီမံကိန်း ဖြစ်မယ်လို့လည်း သူက ပြောပါတယ်။
မြန်မာ အစိုးရ တာဝန်ရှိသူနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမှု အတော်များများ ပြုလုပ်ခဲ့ ပေမယ့် လက်တွေ့မှာ လုပ်ငန်း အကောင်အထည်ဖေါ်ဖို့ အများကြီး လိုအပ် နေသေးတယ်လို့ Paul Vrieze က ဆိုပါတယ်။
ဒုက္ခသည်တွေ ပြန်လက်ခံရေး အစီအစဉ်က လက်တွေ့ ဖြစ် မဖြစ်လာ သေးဘူးလို့ နားလည် ထားကြောင်း သူကပြောပါတယ်။
ဒုက္ခသည်တွေက သူတို့ဆန္ဒအရ ပြန်လာတာ လည်း မရှိသေးပါဘူး။
အခု နားလည်မှု စာချွန်လွှာအရ အကောင်အထည် ဖေါ်မယ့် လုပ်ငန်းစီမံကိန်းတွေအတွက် အောက်ခြေမှာ အခြေအနေတွေ တိုးတက်လာအောင် လုပ်ဆောင်နေပြီး အဲဒီ ပြင်ဆင်မှုတွေက ဒုက္ခသည်တွေ လုံခြုံစွာ ပြန်လာ နေထိုင်နိုင်ရေးကို အထောက်အထူ ပြုပါလိမ့်မယ်လို့ Paul Vrieze က ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ လွတ်လွတ် လပ်လပ် ဝင်ရောက်လုပ်ကိုင်ခွင့်ရဖို့ မျှော်လင့်နေပေမယ့် အခုချိန်ထိ ခွင့်ပြုချက် မရသေးဘူးလို့ သူက ပြောပါတယ်။
ကုလသမဂ္ဂ အဖွဲ့တွေကူညီမယ့် အစီအစဉ်တွေထဲမှာ ငွေကြေးထောက်ပံမှု၊ စိုက်ပျိုးရေး စီမံကိန်းနဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပါဝင်ပါတယ်။
BBC Burmese
https://www.bbc.com
ရခိုင်မြောက်ပိုင်းမှာ ကုလအဖွဲ့တွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်လို
Reviewed by THITHTOOLWIN
on
00:27
Rating:
