ရွေးကောက်ပွဲမတိုင်ခင် သားဖြစ်သူက ရုရှားနဲ့တွေ့ခဲ့တယ်လို့ ထရမ့်ဝန်ခံ

သမ္မတ ထရမ့်နဲ့သားဖြစ်သူ ဂျူနီယာ ထရမ့်နဲ့ ရုရှားရှေ့နေ နာတာလီယာ ဗက်ဆယ်နစ်စကာညာ
အမေရိကန်ရွေးကောက်ပွဲမတိုင်ခင် ၂၀၁၆ ခုနစ် ဇွန်လမှာ သားဖြစ်သူဟာ ရုရှားရှေ့နေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထရမ့်က ဝန်ခံ ပြောကြားလိုက်ပါတယ်။

ဒါပေမယ့် အဲဒီတွေ့ဆုံမှုဟာ ပြိုင်ဘက်တွေရဲ့ သတင်းအချက်အလက် ရရှိဖို့အတွက်သာဖြစ်ပြီး ဒါဟာတရားဝင်တွေ့ဆုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဘတ်မူလာဦးဆောင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးကောင်စီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရုရှားပါဝင်ပတ်သက်မှုအပေါ် စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ သူရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖွယ် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

အခုလုပ်နေတဲ့ စစ်ဆေးမှုတွေဟာ အမေရိကန် နိုင်ငံရေးသမိုင်း တလျှောက်မှာ မလိုလားအပ်သူတွေကို သုတ်သင်ပယ်ရှားတဲ့ နိုင်ငံရေးအရ အကြီးမားဆုံး သုတ်သင်ဖယ်ရှားဖို့ ကြိုးပမ်းမှုလို့ သမ္မတထရမ့်က ပြောပါတယ်။

၂၀၁၆ နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတထရမ့်က ဟီလာရီကလင်တန်ကို အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှု မရှိဘူးလို့ ရုရှားဘက်ကတော့ ငြင်းဆန်ထားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ရွေးကောက်ပွဲမတိုင်ခင် သားဖြစ်သူက ရုရှားနဲ့တွေ့ခဲ့တယ်လို့ ထရမ့်ဝန်ခံ ရွေးကောက်ပွဲမတိုင်ခင် သားဖြစ်သူက ရုရှားနဲ့တွေ့ခဲ့တယ်လို့ ထရမ့်ဝန်ခံ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.