ဗီယက်နမ် နိုင်ငံရေး အကျဉ်းသူတွေ ထောင်ထဲမှာ ခြိမ်းခြောက်ခံနေရ

အစိုးရကို ကန့်ကွက်ဆန္ဒပြလို့ အဖမ်းခံရသူ ၂ဝ ကို ဇူလိုင် ၃ဝ ရက်က တရားရုံးတွင်တွေ့ရပုံ။ Photo: RFA
ဗီယက်နမ်နိုင်ငံမှာ အစိုးရ မူဝါဒတချို့ကို ကန့်ကွက်ဆန္ဒပြလို့ ဘီယန်ဟွာခရိုင်မှာ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူတွေကို ထောင်အာဏာပိုင်တွေက ခြိမ်းခြောက်နေတယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။

ဒေါင်နိုင်ခရိုင်မှာ ဇွန်လ ၁ဝ ရက်က ဆန္ဒပြခဲ့တာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ အစိုးရက စွဲချက်တင်ပြီး လူပေါင်း အယောက် ၂ဝ ကို ထောင်ဒဏ် ၈ လ ကနေ ၁ နှစ်ခွဲအထိ ချခဲ့ပါတယ်။ အဲဒီထဲက အမျိုးသမီးတွေက သူတို့ ထောင်ဒဏ်တွေအတွက် အယူခံဝင်နိုင်မယ့် အခွင့်အလမ်းကို ရှာနေကြပါတယ်။ ဒီလို အယူခံဝင်မယ်ဆိုရင်၊ လိင်ပိုင်းဆိုင်ရာ ကူးစက်နိုင်တဲ့ ရောဂါတွေရသွားအောင် လုပ်ပစ်မယ်လို့ ထောင်အာဏာပိုင်တွေက ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သူတို့ရဲ့ ရှေ့နေက RFA ဗီယက်နမ်ဌာနကို ပြောပါတယ်။

ဒါကြောင့်ရှေ့နေက ထောင်အာဏာပိုင်တွေကို တွေ့ဆုံမေးမြန်းတဲ့အခါ၊ အဲဒီလို ခြိမ်းခြောက်ခံနေရတယ်ဆိုတာ သက်သေမရှိသလို၊ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးပေးမယ်လို့ ထောင်အရာရှိတွေက ကတိပေးလိုက်တယ်လို့ ရှေ့နေကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဗီယက်နမ် နိုင်ငံရေး အကျဉ်းသူတွေ ထောင်ထဲမှာ ခြိမ်းခြောက်ခံနေရ ဗီယက်နမ် နိုင်ငံရေး အကျဉ်းသူတွေ ထောင်ထဲမှာ ခြိမ်းခြောက်ခံနေရ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.