မောင်တောမြို့နယ်တွင် ပုဒ်မ၁၄၄ နောက်ထပ်၂ လ တိုးမြှင့်ထုတ်


နိရဉ္စရာ၊ သြဂုတ် ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့် ထုတ်ပြန်လိုက်သည်။

၎င်းအမိန့်ကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က လက်မှတ် ထိုးပြီး သြဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မောင်တောဒေသသည် တရားဥပဒေ စိုးမိုးစေရေးအတွက် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဥပဒေနှင့် အညီဆက်လက် ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် ပုဒ်မ ၁၄၄ ကို ဆက်လက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ပြစ်မှုဆိုင်ရာကျင်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို သြဂုတ် ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။ ညနေ ၁၀ နာရီကနေ နံနက် ၅ နာရီ အထိ ညမထွက်ရ အမိန့် ဖြစ်ပါတယ်။ အရင်အတိုင်းပါဘဲ” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းအမိန့်ကို ယခင်နှစ်လက ထုတ်ပြန်ခဲ့သည့်အတိုင်း ပုံမှန်ထုတ်ပြန်ခြင်းဖြစ်ပြီး အမိန့်ထုတ်ပြန်ထားသည့် အချိန်အတွင်း အများပြည်သူများ သွားလားရာလမ်းမများပေါ်နှင့် လမ်းကြိုလမ်းကြားများနှင် ဥယျာဉ်၊ ဗလီ၊ ကျောင်းနေရာတို့ တွင် လူ ၅ ဦးနှင့် ၅ ဦး အထက် ပိုသော လူများ စုဝေးခြင်း မပြုလုပ်ရန်လည်း အမိန့် ကြေညာချက်တွင် ပါဝင်သည်။

မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ၂၀၁၆ ခုနှစ်သြဂုတ်လကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ်တွင် ပုဒ်မ၁၄၄ နောက်ထပ်၂ လ တိုးမြှင့်ထုတ် မောင်တောမြို့နယ်တွင် ပုဒ်မ၁၄၄ နောက်ထပ်၂ လ တိုးမြှင့်ထုတ် Reviewed by THITHTOOLWIN on 14:33 Rating: 5
Powered by Blogger.