![]() |
ဒါကားမြို့တော်မှာ လမ်းစည်းကမ်းလိုက်နာရေး လှုပ်ရှားမှုအဖြစ် ကင်းထောက်မောင်မယ်များက သြဂုတ်လ ၈ ရက်နေ့က ကူညီနေကြပုံ။ Photo: AFP |
ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု တခုအတွင်း ကျောင်းသားနှစ်ဦး သေဆုံးခဲ့ရပြီနောက် ဒက္ကာနဲ့ တခြားမြို့ကြီးတွေမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။
ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်တဲ့ လူမှုကွန်ရက်စာမျက်နှာ တထောင် လောက်ကို စစ်ဆေး တွေ့ရှိခဲ့ရပြီး၊ အဲဒီထဲက အခုထိ ၁၂ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာခဲ့တဲ့ စနေနေ့က မိန်းကလေး ၄ ယောက် အဓမ္မပြုကျင့် ခံခဲ့ရပြီး၊ ဆန္ဒပြသူ နှစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေသူတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းမှားတွေကြောင့် ရဲကား ၈ စီး အပါအဝင် မော်တော်ယာဉ် ၃၈၂ စီး ဖျက်ဆီးခံ ခဲ့ရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဘင်္ဂလားဒေ့ရှ် ဖေ့စ်ဘွတ်မှာ ဆူပူမှုဖြစ်အောင် ကောလာဟလ သတင်း လွှင့်သူ ၁၂ ဦး ရဲဖမ်းဆီး
Reviewed by THITHTOOLWIN
on
08:44
Rating:
