ရေအနက် တစ်ပေသာရှိသည့်မြောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး


သြဂုတ် ၁၁

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်တော်သာ အိုး/အိမ်တိုက်တန်းရှိ ရေအနက် တစ်ပေသာရှိသည့်မြောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် က ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ အသက် (၇၂) နှစ်အရွယ်ဖြစ်ပြီး အတက်ရောဂါရှိသည့်အတွက် ရေမြောင်းအတွင်း ပြုကျစဉ် သေဆုံးခြင်းဖြစ်နိုင်ကြောင် ကယ်ဆယ်ရေးအဖွဲ့ က သုံးသပ်သည်။

"သူက အတက်ရောဂါရှိတော့ ရေတိမ်ပေမယ့်လည်း ရေနစ်သလိုဖြစ်သွားတာထင်တယ် ။ အသက်ကတော့ ခုနှစ်ဆယ်ကျော်ပြီ ။ ကျွန်တော်တို့ကိုယ်တိုင် ဆယ်ယူခဲ့တာပဲ "ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင် က ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဆယ်ယူကာခန္တီမေတ္တာနာမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး သေမှုသေခင်းဖြင့် သက်ဆိုင်ရာရဲစခန်းတွင် ရေးဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ရေအနက် တစ်ပေသာရှိသည့်မြောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး ရေအနက် တစ်ပေသာရှိသည့်မြောင်းအတွင်း အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.