![]() |
မကွေးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် ကို တွေ့ရစဉ်/ Photo: Zaw Two/ RFA |
မကွေးတိုင်းဒေသကြီးအတွင်းမှာ နေထိုင်သူတွေထဲက အစိုးရကို အကြည်ညိုပျက်အောင် မတရားစွပ်စွဲရေးသားသူ တွေကို ဟန့်တားနိုင်အောင် တရားစွဲဆိုမှုတွေ ဆောင်ရွက်ဖို့ ပါတီတွင်း အသိပေးစာ ပေးပို့ခဲ့တာဖြစ်ကြောင်း မကွေးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က RFA ကို ပြောပါတယ်။
အစိုးရကို အကြည်ညိုပျက်အောင် ဆောင်ရွက်တဲ့ ကိစ္စရပ်တိုင်းမှာ တရားစွဲဆိုဖို့ သင့်မသင့်ကို ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမယ့်အပြင် တရားစွဲဆိုရေးကိစ္စကို NLD ပါတီ မြို့နယ် အလုပ်အမှုဆောင်တွေ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ စာဟာ ပါတီတွင်း အသိပေးစာ သက်သက်သာဖြစ်ပြီး အင်တာနက်ပေါ်မှာပါ ပျံ့နှံ့ခဲ့တာ ကြောင့် သက်ဆိုင်သူတွေကို စုံစမ်းစစ်ဆေးနေကြောင်းလည်း ဦးသိန်းဇော်က ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
လူမှုကွန်ရက်ပေါ်မှာ အစိုးရခေါင်းဆောင်တွေကို အကြည်ညို ပျက်အောင်လုပ်ရင် တရားစွဲဖို့ညွှန်ကြား
Reviewed by THITHTOOLWIN
on
18:26
Rating:
