ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ထိုး၍ လူသတ်မှုဖြစ်ပွား


မြန်အောင် သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် အင်ပင်ရဲစခန်းပိုင် နယ်မြေအတွင်း ကညင်ငူကျေးရွာ အုပ်စု ဘွက်အင်းကုန်းရွာတွင် ယမန်နေ့ညနေပိုင်းက ခင်ပွန်းဖြစ် သူကဇနီးဖြစ်သူအား ဓားဖြင့်ထိုး သတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာရွှေဘ(၂၆နှစ်)ကညင် ငူရွာသစ်ရွာနေသူသည် အင်္ဂပူမြို့ နယ် သံပရာကွင်းကျေးရွာသို့ဘော လုံးသွားရောက်ကန်ရာမှ အရက် သောက်စားမူးယစ်၍ နေအိမ်သို့ ပြန်ရောက်စဉ်ဇနီးဖြစ်သူ မဝတ် ရည်မိုးအား နေအိမ်တွင်မရှိသော ကြောင့် စိတ်ဆိုးဒေါသဖြစ်ကာ ဇနီးဖြစ်သူအား လိုက်လံရှာဖွေခဲ့ ရာယောက္ခမတော်စပ်သူ ဒေါ်လှ စန်းမိုး၏နေအိမ်တွင်တွေ့ရှိကြောင်း ခင်ပွန်းဖြစ်သူရွှေဘက ''ဇနီးဖြစ် သူ မဝတ်ရည်မိုး(၂ဝနှစ်)အား ''နင်အိမ်ပြန်လာခဲ့၊ နင်ဘယ်လို ဟာလဲ''ဟုပြောဆိုပြီး ယောက္ခမ ဖြစ်သူဒေါ်လှစန်းမိုးအား လင်မ ယားချင်းဘာကြောင့်ခွဲတာလည်း ဟု ရွှေဘကပြောဆိုခဲ့ရာ ဒေါ်လှ စန်းမိုးက ''နင့်မိန်းမကိုမေးကြည့် ငါမခွဲဘူး ငါပြန်လွှတ်တယ်။ နင့် မိန်းမက မပြန်ချင်လို့မပြန်တာ'' ဟုပြောဆိုစဉ် ရွှေဘက ခါးကြား တွင် အသင့်ယူလာသော အသွား ခုနစ်လက်မခန့်၊ အရိုးလေးလက်မ ခန့်၊ ဗြက်လက်မဝက်ခန့်ရှိ ဓားဦး ချွန်ဓားမြှောင်ကိုထုတ်၍ သမီးဖြစ် သူ မဝတ်ရည်မိုးအား ပြေး၍ထိုး လိုက်စဉ် ဒေါ်လှစန်းမိုး၏ ခင်ပွန်း ဖြစ်သူဦးကျော်လင်းမှာ ကြောက် လန့်ထွက်ပြေးသွားကြောင်း၊ ပတ် ဝန်းကျင်အား အော်ဟစ်အကူညီ တောင်းခံချိန် ရွှေဘကဒေါ်လှစန်း မိုးအား ဓားဖြင့်လိုက်ထိုးခဲ့ရာ နေအိမ်အပြင်ဘက်သို့ထွက်ပြေးခဲ့ ကြောင်း ရွှေဘပြန်ထွက်သွားချိန် သမီးဖြစ်သူ မဝတ်ရည်မိုးအား သွားရောက်ကြည့်ရှုခဲ့ရာ ဝဲဘက် ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ တစ်ချက် ယာဘက်ချိုင်းအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲဘက် ပေါင်ထိုးသွင်း ဒဏ်ရာသုံးချက်၊ သွေးထွက်ဒဏ်ရာများဖြင့် နေအိမ် ခြံဝင်းအတွင်း လဲကျနေသည်ကို တွေ့မြင်ရ၍ အင်ပင်တိုက်နယ် ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် မဝတ်ရည်မိုးမှာ သေ ဆုံးသွားသည်။

မိခင်ဖြစ်သူဒေါ်လှစန်းမိုးက သမီးဖြစ်သူအား ဓားဖြင့်ထိုးသတ် သူ ရွှေဘအားဥပဒေအရ အရေးယူ ပေးပါရန် တိုင်တန်းခဲ့ရာ အင်ပင် နယ်မြေရဲစခန်းမှ (ပ) ၁၂၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှု ဖွင့်ပြီး နယ်မြေစခန်းမှူး ရဲအုပ်ဟန် ဇော်ထွန်းက အမှုစစ်အဖြစ်စစ်ဆေး ဆောင်ရွက်နေကြောင်း နယ်မြေ ရဲစခန်းမှ သိရသည်။

ဧရာဦးသာ
The Union Daily
https://www.facebook.com/uniondaily.net
ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ထိုး၍ လူသတ်မှုဖြစ်ပွား ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ထိုး၍ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.