ကယ်လီဖိုးနီးယားတောမီးကို ငြိမ်းသတ်ရန် ထောင်ချီတဲ့ မီးသတ်သမားတွေက ကြိုးစားနေသော်လည်း လုံးဝ ငြိမ်းသတ်နိုင်တဲ့အခြေအနေ မရှိသေး


၃ သြဂုတ်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင်းက နေရာ ၂နေရာမှာ တောမီးအကြီးအကျယ်လောင် နေတာကို ငြိမ်းသတ်နိုင်ဖို့ မီးသတ်သမား ထောင်ချီပြီး ပါဝင် ငြိမ်းသတ်နေရတဲ့အတွက် ဒီတောမီးဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးရွားဆုံး တောမီးတွေထဲက တစ်ခုအပါအဝင်ဖြစ်လာပါတယ်။

Carr Fire တောမီးဟာ ဇူလိုင် ၂၃ ရက်နေ့ကစတင်လောင်ကျွမ်းတာဖြစ်ပြီး အခုဆိုရင် ဧကပေါင်း ၁၂,၆၀၀ ၊ လူနေအိမ် ၁,၀၀၀ လောက်အပါအဝင် အဆောက်အဦပေါင်း ၁,၄၆၅ လုံးကိုလောင်ကျွမ်းပြီးဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စု ၊ အနောက်ပိုင်းပြည်နယ်ရဲ့ တောမီးလောင်တဲ့သမိုင်းမှာ ဆဋ္ဌမမြောက် အကြီးဆုံးတောမီးဖြစ်လာပါတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။


အဲဒီတောမီးကို ငြိမ်းသတ်ဖို့ မီးသတ်သမား ၄,၂၀၀ကျော်နဲ့ ငြိမ်းသတ်နေပေမယ့် ၃၅ ရာခိုင်နှုန်းသာ အောင်မြင်စွာငြိမ်းသတ်နိုင်ပါတယ်လို့ ဆက်ပြောပါတယ်။

ကယ်လီဖိုးနီးယားနောက်ထပ် တောမီးတစ်ခုဖြစ်တဲ့ Ferguson Fire မီးကတော့ ဇူလိုင်လ ၁၃ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးဧက ပေါင်း ၆၈,၆၁၀ လောင်ကျွမ်းခဲ့ပြီးပါပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ သြဂုတ်လ ၁ ရက်နေ့ တစ်ည တည်းမှာ ဧက ၅,၇၀၀ ကို လောင်ကျွမ်းခဲ့ကြောင်း သိရပါတယ်။

မီးငြိမ်းသတ်တဲ့ အပေါ်ကို ဖိတင်တဲ့ စနစ်က ပြီးခဲ့တဲ့ တစ်ပတ်လုံး အားမကောင်းတဲ့အတွက် အပူရှိန် မြှင့်လာပြီး ခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ စက်ကိရိယာရဲ့ ချို့ယွင်းမှုကြောင့်မီးကြီးလာကြောင်း တာဝန်ရှိသူတွေက ဝေဖန်ပြောဆိုထားပါတယ်။

အခုလောင်ကျွမ်းနေတဲ့ တောမီး ၂ ခုတွင်းမှာ လူ၈ ယောက်သေဆုံးခဲ့ ရာ Carr Fire တောမီးတစ်ခုတည်းမှာပင် လူ ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


နောက်ထပ် တောမီး နှစ်ခုဖြစ်တဲ့ River Fire တောမီးကတော့ ၃၅,၂၇၈ ဧက ကိုလောင်ကျွမ်းခဲ့ပြီး ၅၀ ရာခိုင်နှုန်းအောက်ကို ငြိမ်းသတ်နိုင်ပြီဖြစ်ပြီး Ranch Fire တောမီးမှာတော့ ၇၄,၈၉၀ ဧကကို လောင်ကျွမ်းရာ ၃၃ ရာခိုင်နှုန်း ကို ငြိမ်းသတ်နိုင်ပြီဖြစ်ပါတယ်။

တောမီးလောင်မှုကြောင့် အနီးပတ်ဝန်းကျင်က လူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးခဲ့ရသော်လည်း တချို့ကတော့ အခု ကိုယ့်အိမ်ရာကို ပြန်လာခွင့်ရနေပြီဖြစ်ပါတယ်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကယ်လီဖိုးနီးယားတောမီးကို ငြိမ်းသတ်ရန် ထောင်ချီတဲ့ မီးသတ်သမားတွေက ကြိုးစားနေသော်လည်း လုံးဝ ငြိမ်းသတ်နိုင်တဲ့အခြေအနေ မရှိသေး ကယ်လီဖိုးနီးယားတောမီးကို ငြိမ်းသတ်ရန် ထောင်ချီတဲ့ မီးသတ်သမားတွေက ကြိုးစားနေသော်လည်း လုံးဝ ငြိမ်းသတ်နိုင်တဲ့အခြေအနေ မရှိသေး Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.