![]() |
(ဓါတ်ပုံသတင်းသမား Alam ကို တရားရုံးအပြင်မှာ တွေ့ရစဉ်) |
သူ့ကို အများဆုံး ထောင်ဒဏ် ၁၄နှစ် အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အရေးယူထားတာဖြစ်ပါတယ်။
အသက် ၆၃ နှစ်အရွယ် ဓါတ်ပုံသတင်းသမား Alam ကို လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ဖမ်းထားတာဖြစ်ပြီး တနင်္လာနေ့က ထောင်ကို ပို့လိုက်ပါတယ်။ ဖမ်းဆီးစဉ်မှာ ရိုက်နှက်ခံခဲ့ရတာကြောင့် ဆေးရုံမှာ ပြသခဲ့ရပါတယ်။ အဲဒီနောက် တရားရုံးချုပ်ကို ပို့ခဲ့ပြီး အောက်တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။
သူ့ကို မမှန်သတင်းဖြန့်မှု၊ မြှောက်ထိုးပင့်ကော်လုပ်မှုတွေနဲ့ စွပ်စွဲထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။ သူနဲ့ အယ်လ်ဂျာဇီးရား သတင်းဌာန မေးမြန်းခန်းကို လူမှုရေးကွန်ရက်မှာ ထုတ်လွှင့်ခဲ့သလို သူကိုယ်တိုင်ကလည်း ဆန္ဒပြပွဲဓါတ်ပုံတွေ တင်ခဲ့ပါတယ်။
ကျောင်းသားဆန္ဒပြပွဲဟာ ရွေးချယ်တင်မြောက်မခံရတဲ့ အစိုးရအပေါ် မျိုသိပ်ထားတဲ့ ဒေါသတွေ ပေါက်ကွဲတာ ဖြစ်တယ်လို့ အယ်လ်ဂျာဇီးရား သတင်းဌာနကို ပြောခဲ့သလို ဆန္ဒပြသူတွေကို အစိုးရရဲ့ အကြမ်းဖက်နိမ်နှင်းခဲ့ပုံတွေကိုလည်း ပြောဆိုခဲ့ပါတယ်။
သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် HRW အဖွဲ့၊ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့ က တောင်းဆိုထားပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
ဘင်္ဂလာဒေ့ရှ် ဓါတ်ပုံသတင်းသမား Alam ကို ဆန္ဒပြပွဲ လှုံ့ဆော်သူအဖြစ် စွဲချက်တင်
Reviewed by THITHTOOLWIN
on
11:05
Rating:
