YBS-37 ယာဉ်လိုင်းမှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိ၍ ပွဲချင်းပြီးသေဆုံး


ရန်ကုန် ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး ထောက် ကြန့်မြို့နယ် ပြည်လမ်း နွယ်ခွေ မှတ်တိုင်အနီး၌ ယနေ့နံနက် ၁ဝ နာရီကYBS-37ယာဉ်လိုင်းမှ လမ်းဖြတ်ကူးသူအမျိုးသားအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရ သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ် တိုက်ခံရသောအမျိုးသား (၄ဝနှစ်) မှာ ဦးခေါင်းထိခိုက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့သောကြောင့် တာဝန်သိပြည်သူများနှင့်တာဝန်ကျ ယာဉ်ထိန်းတပ်ဖွဲ့မှ ပုလဲမြို့ အရန် မီးသတ်တပ်ဖွဲ့အား အကူအညီ တောင်းခံလာသဖြင့် အဆိုပါအမျိုး သား၏ အလောင်းအား မေဓာဝီ ဆေးရုံသို့ PR 29 ဖြင့် အပ်နှံကူညီ ပေးခဲ့ကြောင်းသိရပြီး သေဆုံးသူ အမျိုးသားမှာ မင်္ဂလာဆောင်ပြီး တစ်လခန့်သာရှိသေးသည်ဟု သေ ဆုံးသူ၏ဆွေမျိုးများက ပုလဲမြို့ အရန်မီးသတ်တပ်ဖွဲ့အား ပြော ကြောင်း ကနဦးသိရသည်။


အလားတူအချိန်ဖြစ်သော ယနေ့ နံနက် ၁ဝ နာရီတွင်ပင် မင်္ဂလာဒုံ မြို့နယ် မင်္ဂလာဒုံစက်မှုဇုန်ဝင်း အတွင်းရှိ ဝီလီယမ်ဂါးမန့် ဆောက် လက်စစက်ရုံဝင်းအတွင်း တရုတ် စကားပြောစကားပြန် ဦးမြင့်ဦးမှာ ၄င်းနေထိုင်ရာ အဆောင်အပေါ် ထပ်မှ သွေးများအန်ကာလဲကျ သေဆုံးသွားသဖြင့် အဆုတ်ရောဂါ ရှိသည်ဟု မိသားစုဝင်များ၏ ပြော ပြချက်အရ မင်္ဂလာဒုံမြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်ဆောင် ရွက်ထားကြောင်းသိရပြီး မေဓာဝီ ဆေးရုံ မှုခင်းဌာနသို့ ဆက်လက် စစ်ဆေးရန် ပုလဲမြို့သစ် အရန် မီးသတ်တပ်ဖွဲ့မှ သေဆုံးအလောင်း အား မေဓာဝီဆေးရုံသို့ ပို့ဆောင် ကူညီခဲ့ကြောင်းနှင့် PR 17 ဖြင့် အပ်နှံကူညီပေးခဲ့ကြောင်း သိရ သည်။

မောင်စိန်ဝင်း
The Union Daily
https://www.facebook.com/uniondaily.net
YBS-37 ယာဉ်လိုင်းမှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိ၍ ပွဲချင်းပြီးသေဆုံး YBS-37 ယာဉ်လိုင်းမှ လမ်းဖြတ်ကူးသူအား ဝင်ရောက်တိုက်မိ၍ ပွဲချင်းပြီးသေဆုံး Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.