အိန္ဒိယအစိုးရရဲ့ ဖိအားကြောင့် WhatsApp က နည်းပညာထိန်းချုပ်မည်


 လူတွေကြား မက်ဆေ့ခ်ျသတင်းစကား ပို့တဲ့နေရာမှာ ကမ္ဘာတလွှား အသုံးများနေတဲ့ WhatsApp နဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံက သုံးစွဲကြသူတွေကို အကန့်အသတ်မဲ့ ပေးသုံးမှာ မဟုတ်တော့ဘဲ စည်းကမ်းနဲ့ ထိန်းတော့မယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ဒီနေ့ ကြေညာလိုက်ပါတယ်။

ဖေ့စ်ဘွတ်ကုမ္ပဏီက ဝယ်ထားတဲ့ WhatsApp မှာ တပြိုင်နက်တည်း လူအများကြီး ပြောနိုင်တဲ့စနစ်ကနေ ၅ ယောက်အောက်သာ ပြောနိုင်မယ့်စနစ်ကို ပြောင်းလဲမှာဖြစ်သလို၊ WhatsApp နည်းပညာမှာပါတဲ့.. နောက်တယောက်ကို အလွယ်တကူ ပြန်ပြီးမျှဝေနိုင်တဲ့စနစ်ကို ဖယ်ထုတ်လိုက်မယ်လို့ ကြေညာခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာ WhatsApp ကိုသုံးပြီး ကလေးတွေ ပြန်ပေးဆွဲနေတယ်၊ ရာဇဝတ်မှု ကျူးလွန်နေတယ်ဆိုပြီး မကျေနပ်တဲ့သူ အချင်းချင်း သတင်းတုတွေ ဖန်တီးလှုံဆော်တဲ့အတွက် ပြီးခဲ့တဲ့ ၂ လအတွင်း လူအုပ်နဲ့ဝိုင်းပြီး သတ်ဖြတ်မှု ၂ဝ ကျော် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာ အိန္ဒိယအစိုးရက ဖေ့စ်ဘွတ်ကုမ္ပဏီကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့ ဖိအားတွေကြောင့် သုံးစွဲသူတွေကို ထိန်းကွပ်မယ်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက ကြေညာခဲ့ပေမယ့် ဒီလောက် ထိန်းချုပ်ရုံနဲ့ မလုံလောက်သေးဘူးလို့ အိန္ဒိယ သတင်းနဲ့နည်းပညာ ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယအစိုးရရဲ့ ဖိအားကြောင့် WhatsApp က နည်းပညာထိန်းချုပ်မည် အိန္ဒိယအစိုးရရဲ့ ဖိအားကြောင့် WhatsApp က နည်းပညာထိန်းချုပ်မည် Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.