ကုလ UNDP အကြီးအကဲ မြန်မာခရီး စတင်

ကုလ UNDP အကြီးအကဲ မြန်မာခရီး စတင်
ကုလသမဂ္ဂရဲ့လက်ထောက်ထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ် UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အာရှနဲ့ပစိဖိတ် ဒေသရုံးရဲ့ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ Mr. Haoliang Xu ဟာ မြန်မာနိုင်ငံကို ဒီကနေ့ရောက်လာမယ်လို့ မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးက မနေ့ကသတင်းထုတ်ပြန်ပါတယ်။

Mr.Xuဟာ ဇူလိုင်လ၁၀ရက်ကနေ ၁၂ရက်နေ့အထိ ၂ရက်ကြာခရီး စဉ်နဲ့ မြန်မာပြည်ကိုလာရောက်မှာဖြစ်ပြီး အစိုးရအဖွဲ့ရဲ့အကြီးတန်းပြည်ထောင်စုဝန်ကြီးတွေနဲ့တွေဆုံဖို့ရှိတယ်လို့ဆိုပါ တယ်။ Mr.Xuရဲ့ အခုခရီးစဉ်အတွင်း ပြီးခဲ့တဲ့ဇွန်လတုန်းက ကုလသမဂ္ဂ၊ UNDP နဲ့မြန်မာအစိုးရတို့အကြားသုံးပွင့်ဆိုင် သဘောတူညီထားတဲ့ နားလည်မှုစာချွှန်လွှာကို အကောင်အထည်ဖေါ်ရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိတယ်လို့ လည်း ဆိုပါတယ်။

ဒီစာချွှန်လွှာအရ ဘင်္ဂလားဒေ့ခ်ျကိုရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ကို အန္တရာယ်ကင်းကင်းနဲ့ပြန် လာနိုင် ရေးကိစ္စကိုအဓိကထားပါတယ်။ Mr.Xuဟာ မနက်ဖြန်ကျင်းပမယ့် ၂၁ရာစု ပင်လုံညီလာခံတတိယအကြိမ်အစည်း အဝေး ကိုလည်းတက်ရောက်ဖို့ရှိပြီး ကုလသမဂ္ဂအဖွဲ့အစည်း၁၂ခုရဲ့ရုံးခန်းတွေပါဝင်မယ့် ကုလသမဂ္ဂရုံးအသစ်ကို နေ ပြည်တော် မှာ မနက်ဖြန်ကျရင် ဖွင့်လှစ်ပေးလိမ့်မယ်လို့လည်း ကုလသမဂ္ဂရုံးရဲ့သတင်းထုတ်ပြန်ချက်မှာဖေါ်ပြထားပါ တယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကုလ UNDP အကြီးအကဲ မြန်မာခရီး စတင် ကုလ UNDP အကြီးအကဲ မြန်မာခရီး စတင် Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.