အိန္ဒိယ ကျောင်းသူ Jyoti Singh ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူတွေကို သေဒဏ်ချမှတ်


အိန္ဒိယနိုင်ငံက အရိုး အကြောအဆစ် ကုသရေး ကျောင်းသူ Jyoti Singh ကို နယူးဒေလီမြို့တော်မှာ ၂၀၁၂ က အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတ်ပစ်မှုနဲ့ လူသုံးယောက်ကို အောက်ရုံးက သေဒဏ်မိန့်ချမှတ်တာကို အမြင့်ဆုံး တရားရုံက မနေ့က လက်ခံလိုက်ပါတယ်။

Jyoti Singh နဲ့ သူ့မိတ်ဆွေ အမျိုးသားတစ်ဦးကို ရုပ်ရှင်ကြည့်ပြီး ဘတ်စ်ကားစီး အိမ်အပြန်မှာ နယူးဒေလီမြို့တော်မှာ လူ ၅ ယောက်နဲ့ ဆယ်ကျော်သက်တစ်ယောက်က အမျိုးသားကို ရိုက်နှက်ပြီးတဲ့နောက် Jyoti Singh ကို အုပ်စုလိုက် မတော်မတရားကျင့်၊ သံတုတ်နဲ့ ရိုက်ပါတယ်။ ကားပေါ်မှာ ညှင်းပန်းနှိပ်စက်ပြီး ၄၅ မိနစ်အကြာမှာ Jyoti Singh ကို ကားပေါ်က ပစ်ချတဲ့အမှု ဖြစ်ပါတယ်။

Jyoti Singh ဟာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ နောက် ၁၃ ရက် အကြာ စင်ကာပူဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

ဒီဖြစ်ရပ်ကြောင့် နိုင်ငံတ၀န်း ဆန္ဒပြပွဲတွေ ဖြစ်ပွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အိန္ဒိယ ကျောင်းသူ Jyoti Singh ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူတွေကို သေဒဏ်ချမှတ် အိန္ဒိယ ကျောင်းသူ Jyoti Singh ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူတွေကို သေဒဏ်ချမှတ် Reviewed by THITHTOOLWIN on 10:32 Rating: 5
Powered by Blogger.