အာဖဂန်နစ္စတန်နိုင်ငံ အသုဘအခမ်းအနားတစ်ခုတွင် ISတို့၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

အာဖဂန်တွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)
 ကဘူးလ် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

    ဇူလိုင်လ ၁၇ ရက်တွင်  အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Sari Pul ပြည်နယ် Sayyad ရှိ အသုဘ အခမ်းအနားတစ်ခုကို IS အစွန်းရောက်အဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ယင်းပြည်နယ် အရာရှိ တစ်ဦးက အခင်းဖြစ်ပွားသော နေ့တွင် ပြောကြားခဲ့သည်။

ဝင်ရောက်တိုက်ခိုက်ခံရသည့် အသုဘအခမ်းအနားမှာ တာလီဘန် အရာရှိတစ်ဦး၏ဈာပနဖြစ်ကြောင်း ၊ ၄င်းမှာ ဇူလိုင် ၁၆ ရက်က IS လက်နက်ကိုင်များနှင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့ သူဖြစ်ကြောင်း၊ အနည်းဆုံး IS လက်နက်ကိုင် ၂ ယောက်ခန့်က ရွာခံယောင်ဆောင်ကာ ဈာပနအခမ်း အနားကို ရောနှောဝင်ရောက်လာပြီး လူစုလူဝေးရှိရာသို့ သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ထွက်ပြေးခဲ့ကြောင်း ၊ သေဆုံးသူအများစုမှာ တာလီဘန်အဖွဲ့ဝင်များ ဖြစ်ကြောင်း Sari Pul ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Zabihullah Amani က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခုတစ်ကြိမ်တိုက်ခိုက်မှုတွင် အရပ်သား ၁၅ ဦး ၊ တာလီဘန် ၇ ဦး သေဆုံးခဲ့ပြီး လူ အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း အာဖဂန်သတင်းအေဂျင်စီက ဖော်ပြထားသည်။

ISနှင့် တာလီဘန်တို့အကြားပဋိပက္ခများ ဖြစ်ပွားနေရာ ယခုတိုက်ခိုက်မှုမှာ ISတို့၏လက်စားချေ တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း သုံးသပ်သူအချို့က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နစ္စတန်နိုင်ငံ အသုဘအခမ်းအနားတစ်ခုတွင် ISတို့၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး အာဖဂန်နစ္စတန်နိုင်ငံ အသုဘအခမ်းအနားတစ်ခုတွင် ISတို့၏တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.