စိန်ခေါ်မှုတွေနဲ့ မြန်မာရင်ဆိုင်နေရဟု IOM အရာရှိ ပြောကြား

IOM ညွှန်ကြားရေးမှူးချုပ် William Lacy Swing ကို တွေ့ရစဉ်/ Photo: FABRICE COFFRINI / AFP
မြန်မာနိုင်ငံအနေနဲ့ မတူတဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ခုကို အတူနေထိုင်ဖို့ ဆောင်ရွက်နေတာမှာ စိန်ခေါ်မှုတွေ အများကြီးရှိပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသူများ အဖွဲ့ IOM ညွှန်ကြားရေးမှူးချုပ် William Lacy Swing က ပြောဆိုလိုက်ပါတယ်။

IOM ညွန်ချုပ်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ခုလိုပြောဆိုလိုက်တာပါ။ IOM ညွှန်ချုပ်က ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့အစည်း ၂ ရပ်နဲ့ သဘောတူလက်မှတ် ရေးထိုးတာကိုလည်း ကြိုဆိုလိုက်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
စိန်ခေါ်မှုတွေနဲ့ မြန်မာရင်ဆိုင်နေရဟု IOM အရာရှိ ပြောကြား စိန်ခေါ်မှုတွေနဲ့ မြန်မာရင်ဆိုင်နေရဟု IOM အရာရှိ ပြောကြား Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.