ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ရေးဆိုင်ရာ (Brexit) ဝန်ကြီး ရာထူးမှနုတ်ထွက်

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ (Brexit) ဝန်ကြီး David Davis အားတွေ့ရစဉ် (ဆင်ဟွာ)
 လန်ဒန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

    ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ (Brexit) ဝန်ကြီး David Davis သည် အစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့ကြောင်း ဇူလိုင်လ ၈ ရက်နှောင်းပိုင်းတွင် ဒေသတွင်း မီဒီယာဖော်ပြချက်အရ သိရသည်။

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး အစီအစဉ်သည် “အလွန်ပျော့ညံ့လွန်းသည်” ဟူ၍ Brexit ထောက်ခံသူများမှ စွပ်စွဲမှုများ ရှိခဲ့သည့်ကြားမှ ဝန်ကြီးချုပ် ထရီဆာမေက ၎င်း၏ အစိုးရအဖွဲ့ ထောက်ပံ့မှုအား သေချာစွာ လုပ်ဆောင်ခဲ့ပြီးနောက် ယခုလို မထင်မှတ်ဘဲ Brexit ဝန်ကြီး ရာထူးမှနုတ်ထွက်သည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

Davis သည် Brexit ဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ်က ခန့်အပ်ခြင်းခံခဲ့ရပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေး  ဆွေးနွေးညှိနှိုင်းမှုအတွက် တာဝန်ရှိသူဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ရေးဆိုင်ရာ (Brexit) ဝန်ကြီး ရာထူးမှနုတ်ထွက် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ရေးဆိုင်ရာ (Brexit) ဝန်ကြီး ရာထူးမှနုတ်ထွက် Reviewed by THITHTOOLWIN on 21:57 Rating: 5
Powered by Blogger.