အငှားယာဉ်အား လုယက်မောင်းနှင်ထွက်ပြေးသူ သုံးဦးအား ဖမ်းဆီးရမိ


ရန်ကုန် ဇူလိုင် ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံ မြို့နယ် အဝေးပြေးလမ်းမကြီးပေါ် ဝါယာလက်ဈေးအနီး၌ဇူလိုင်၁၃ ရက် ညနေ ၆ နာရီကျော်ခန့်က လူသုံးဦးက ယာဉ်မောင်းကို ထိုးကြိတ်ရိုက်နှက်၍ ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသူ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

အငှားယာဉ်မောင်းသည် ဇူလိုင် ၁၃ ရက် ညနေ ၆ နာရီခန့်က ဒညင်းကုန်း လမ်းဆုံမရောက်မီ စိန်မင်္ဂလာခန်းမရှေ့အရောက်တွင် လူသုံးဦးက ထောက်ကြန့်လမ်းဆုံဈေး အနီး စကိတ်ကွင်းသွားမည်ဟု ပြောပြီး ငှားရမ်းခဲ့ရာ မင်္ဂလာဒုံ ဝါယာလက်ဈေးအလွန်၌ ¤င်းတို့ သုံးဦးက ယာဉ်မောင်း၏ လည်ကုပ်ကို ကျဉ်စက်ဖြင့်ထိုး၍ လုယူသွားခဲ့သည်။

အငှားယာဉ်မောင်းက အမှုဖွင့် တိုင်တန်းခဲ့ရာ ပြစ်မှုကျူးလွန်သူများ အား မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက ဇူလိုင် ၁၃ ရက် ညပိုင်းတွင် လုယူသွားသည့် အငှားယာဉ်နှင့်အတူ ခရေပင်လမ်းဆုံမီးပွိုင့်၌ လုယက်သူ သုံးဦးအား တွေ့ရှိ၍ ဖမ်းဆီးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဘတိုး(ခ)မိုးဟိန်းနှင့် ပိုင်ဟိန်းနှင့် စိုင်းကိုတို့အား မင်္ဂလာဒုံ မြို့မရဲစခန်းက အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အငှားယာဉ်အား လုယက်မောင်းနှင်ထွက်ပြေးသူ သုံးဦးအား ဖမ်းဆီးရမိ အငှားယာဉ်အား လုယက်မောင်းနှင်ထွက်ပြေးသူ သုံးဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 09:34 Rating: 5
Powered by Blogger.