မောင်တောမြောက်ပိုင်း မင်းကြီးရွာအနီးသို့ တစ်ဘက်နိုင်ငံမှ မသင်္ကာဖွယ်ရာ လူ ၅ ဦး ၀င်ရောက်လာ

(ဓာတ်ပုံ- မောင်တောမြို့နယ် မြောက်ပိုင်းမှ လမ်းညွှန်မှတ်တိုင်)
နိရဉ္စရာ၊ ဇူလိုင် ၂၀

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးရွာအနီးသို့ ယနေ့ နေ့လယ်က ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ မသင်္ကာဖွယ်ရာ လူ ၅ ဦးသည် ဓါးကိုင်ပြီး ၀င်ရောက် လာခဲ့သည်ဟု သတင်းရရှိသည်။

“ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ ရွာမြောက်ဘက်က ရေကန်အနီးထိ ဘင်္ဂလီ ၅ ဦး ၀င်ရောက်လာပါတယ်။ ရွာက ကလေးတွေ မြင်တဲ့ အတွက် နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပါတယ်။ အခု အဲဒီ လူ ၅ ဦး က ထွက်ပြေးသွားခဲ့ကြပါပြီ” ဟု ၎င်းကျေးရွာသားက ပြောကြားသည်။

ယခု အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ မင်းကြီးရွာသို့ ရောက်ရှိနေပြီး အဆိုပါနေရာသို့ သွားရှာရာတွင် မတွေ့ရှိတော့ဟု ၎င်းက ပြောသည်။

မင်းကြီးရွာကျေးရွာအုပ်ချုပ်ရေးမှူးအားဆက်သွယ်မေးမြန်းရာ သူက “ ဘင်္ဂလီ ၅ ဦးပါ။ လက်နက်တွေ မပါဘူး။ ဓါးတွေ ပါပါတယ်။ အခုမတွေ့တော့ဘူး။ ထွက်ပြေးသွားကြပါပြီ။ ဘာကြောင့် ၀င်လာသလဲဆိုတာ ဘယ်လိုသိမလဲ။ သူတို့ကို ဖမ်းလို့မှ မရလိုက်တာ” ဟု ပြောကြားသည်။

တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးမိခြင်း မရှိကြောင်း၊ ဒေသခံများနှင့် အပြန်အလှန် လုံထွေးရိုက်ပုတ်မှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းမှာလည်း မဟုတ်မှန်ကြောင်း ၎င်းက ပြောကြားသည်။

ယခု ၀င်လာသူ ၅ ဦးမှာ အကြမ်းဖက်သမားများ ဟုတ်/ မဟုတ်။ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်မှ အုပ်စုဖွဲ့ နွားခိုးရန် ၀င်ရောက်လာသူများ ဟုတ်/ မဟုတ်ကို ရွာကို ရောက်နေသည့် စစ်တပ်က စစ်ဆေးနေကြောင်း ဒေသခံ တစ်ဦးကလည်း ဖြည့်စွက် ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မောင်တောမြောက်ပိုင်း မင်းကြီးရွာအနီးသို့ တစ်ဘက်နိုင်ငံမှ မသင်္ကာဖွယ်ရာ လူ ၅ ဦး ၀င်ရောက်လာ မောင်တောမြောက်ပိုင်း မင်းကြီးရွာအနီးသို့ တစ်ဘက်နိုင်ငံမှ မသင်္ကာဖွယ်ရာ လူ ၅ ဦး ၀င်ရောက်လာ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.