ပိတ်မိနေတဲ့ ထိုင်းလူငယ်အားလုံး ဂူပြင်ရောက်ပြီ

ပိတ်မိနေတဲ့ ထိုင်းလူငယ်အားလုံး ဂူပြင်ရောက်ပြီ
ထိုင်းနိုင်ငံ မြောက်ပိုင်း လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ ထိုင်းကျောင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြ တဦး အားလုံး စုစုပေါင်း ၁၃ ဦးလုံးကို ကယ်ထုတ်လာနိုင်ခဲ့ပြီလို့ ထိုင်ရေတပ်က ထုတ်ပြန်လိုက်ပါတယ်။

တတိယနေ့အဖြစ် ဒီကနေ့ ကယ်ထုတ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အားလုံး ပြန်လည်လွတ်မြောက်လာတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နဲ့ တနလာင်္နေ့တို့မှာ တရက်ကို ၄ ဦးစီ ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီ ကလေး ၈ ဦးထဲက နှစ်ဦးက အဆုတ်တွင်း ပိုးဝင် နေကြောင်း ထိုင်း ကျန်းမာရေး ၀န်ကြီးဌာန အတွင်းဝန် Jedsada Chokdumrongsuk က ဒီကနေ့ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ကယ်ထုတ်လာတဲ့ ကလေးငယ်တွေ အားလုံး ကျန်းမာရေးကောင်းပြီး စိတ်ဓာတ်ကြံ့ခိုင်ကြကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ကယ်ထုတ်လာတဲ့ ကလေးငယ်တွေကို ရောဂါပိုး ကူးစက်မခံရရေး အတွက် မိသားစုတွေနဲ့ သီးသန့်ခွဲထားပြီး ဒီကလေးငယ်တွေကို ဆေးရုံမှာ အနည်းဆုံး သတင်း တပတ်လောက် ကြာနိုင်တယ်လို့လည်း ပြောဆိုသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ပိတ်မိနေတဲ့ ထိုင်းလူငယ်အားလုံး ဂူပြင်ရောက်ပြီ ပိတ်မိနေတဲ့ ထိုင်းလူငယ်အားလုံး ဂူပြင်ရောက်ပြီ Reviewed by THITHTOOLWIN on 19:31 Rating: 5
Powered by Blogger.