ပေါင်းတည်၊ ဝန်ထမ်းလိုင်းခန်းနေအိမ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပျဉ်းပင်ကန်ရပ်ကွက် မှတ်တိုင်လမ်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့စခန်းရုံး အနောက်ရှိ ဝန်ထမ်းအိမ်ရာ လိုင်းခန်းနေအိမ်မှာ ဇူလိုင်(၃၀)ရက် မနက်(၆)နာရီခန့်က အမျိုးသားတစ်ဦးကြိုးဆွဲချ သေဆုံးနေတယ်လို့ သိရပါတယ်။


ဖြစ်စဉ်ကတော့ မီးသတ်တပ်ဖွဲ့စခန်းရုံးက မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ကြပ် တစ်ဦးဖြစ်ပြီး အသက် (၂၅ )နှစ်မှာ အိပ်ခန်းအတွင်း ထုတ်တန်းမှာ ပုဆိုးနဲ့ ကြိုးဆွဲချ သေဆုံးနေတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါင်းတည်မြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ထားရှိကာ သေဆုံးသူမှာ ဓမ္မတာအတိုင်း သေဆုံးတာဟုတ်၊မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း ....... တင်ဝင်း ဇော်မင်းသားကြီး
One News Myanmar
https://www.facebook.com/onenewsmyan/
ပေါင်းတည်၊ ဝန်ထမ်းလိုင်းခန်းနေအိမ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး ပေါင်းတည်၊ ဝန်ထမ်းလိုင်းခန်းနေအိမ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.