မြေပြိုကျလို့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိတ်နေ


 ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းအဝေးပြေးလမ်းမမှာ မနက် ၆ နာရီလောက်ကတည်းက မြေတွေပြိုကျနေတာကြောင့် ကားအစီးရေ တစ်ရာကျော် ပိတ်ဆို့နေပါတယ်။

မြဝတီနဲ့ ကော့ကရိတ်နှစ်ဖက်စလုံးမှာ မြေဇာတွေရှင်းလင်းနေပြီး ညနေလောက်မှ လမ်းကို ပြန်လည်အသုံးပြုလို့ရနိုင်မယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။ မြဝတီမြို့တဘက်တည်းမှာတင် ကားအစီးရေ တစ်ရာကျော် ပိတ်မိနေတာဖြစ်ပြီး ကော့ကရိတ်ဘက်မှာလည်း ပိတ်နေတဲ့ ကားပိုများနိုင်တယ်လို့ ဆိုပါတယ်။


လက်ရှိအချိန်မှာ အရင်ဒေါနတောင်လမ်းဟောင်းကို ကော့ကရိတ်ဘက် သွားလို့ရအောင်ဆောင်ရွက်နေပြီး မြဝတီဘက်ကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။

မြေပြိုတာကြောင့် ထိခိုက်ဒဏ်ရတာမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့တွေ၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လူမှုကူညီရေးအသင်းတွေက ပူးပေါင်းဆောင်ရွက်နေပါတယ်။

Photo: Thant Zin Aung
RFA Burmese
https://www.facebook.com/rfaburmese
မြေပြိုကျလို့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိတ်နေ မြေပြိုကျလို့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိတ်နေ Reviewed by THITHTOOLWIN on 12:55 Rating: 5
Powered by Blogger.