ကမ္ဘာ့စီးပွားရေးကို အမေရိကန်က သတ်နေတယ်လို့ တရုတ်ပြော

တရုတ်နိုင်ငံ ဘေကျင်းမြို့ရှိ ဆူပါမားကက်တခုတွင် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်များ ခင်းကျင်းပြသထားစဉ်။ (Photo: AP)
အမေရိကန် ပြည်ထောင်စုက စတင်လိုက်တဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေးကို နလံမထူနိုင်အောင် သတ်နေတဲ့ အကြီးဆုံးလက်သည် ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက သတိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အမျိုးသားလုံခြုံရေးကိစ္စ အပါအဝင် ကုန်သွယ်မှုအားလုံးမှာ သူ့ဘက်ကမှန်တယ်လို့ ထင်ရှားအောင် လုပ်ဇာတ်တွေခင်းပြီး ပြောဆိုနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူ 'ဟွာချွန်ယင်' က ဝန်ကြီးဌာနရဲ့ နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ဟာ အခုလ စောစောပိုင်းမှာ တဖက်နဲ့တဖက် တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်ငွေ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံအထိ အပြန်အလှန် တိုးမြှင့် ကောက်ခံခဲ့ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ 'ဟွာချွန်ယင်' က... အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ တရုတ်တနိုင်ငံတည်းနဲ့ မဟုတ်ဘဲ တကမ္ဘာလုံးနဲ့ ဖြစ်နေတာပါ၊ ကျန်တဲ့နိုင်ငံတွေက ငြိမ်ခံနေမှာမဟုတ်ဘဲ တုန့်ပြန်ကြလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese

ကမ္ဘာ့စီးပွားရေးကို အမေရိကန်က သတ်နေတယ်လို့ တရုတ်ပြော ကမ္ဘာ့စီးပွားရေးကို အမေရိကန်က သတ်နေတယ်လို့ တရုတ်ပြော Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.